Main menu

Background

မတ်လကုန် ပြည်ပဲဈေးကွက်မှာ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံဈေးလျော့ခဲ့ပြီး၊ ပဲပုပ်နဲ့ ပဲကြီးဈေးအနည်းငယ်မြင့်လာခဲ့

Tue, 04/09/2013 - 10:24 -- ydnar

မတ်လနောက်ဆုံးပတ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ပြည် ပဲဈေးကွက်မှာ မတ်ပဲ၊ ကုလားပဲနဲ့ ပဲစင်းငုံဈေးနှုန်းများ ဈေး လျော့လာခဲ့ပြီး၊ ပဲပုပ်ဈေးအနည်းငယ်မြင့်လာသလို ပဲကြီး ဈေးနှုန်းများလည်း တစ်တင်း ၅၀၀ ကျပ်ခန့်ဈေးမြင့် ခဲ့ပါ တယ်။ ထောပတ်ပဲဈေးမှာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့တာ ကိုတွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ တစ်ရက်အိတ် ၄၀၀ ကျော် ဝင်ရောက်ခဲ့ပေမယ့် ရန်ကုန်ဝယ်လက်က ဈေးလျော့ဝယ်လို့ ပဲတစ်တင်း ၁၆၁၀၀ ကျပ်နဲ့သာ အရောင်းအဝယ်အေး ဈေး အေးလျက်ရှိပါတယ်။ မတ်လဆန်းကစပြီး၊ မတ်ပဲဈေးနှုန်း များ မြင့်လာကာယခုလကုန်မှာတစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေး လျော့သွားခဲ့တာကို တွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲလက် ကျန်များ ရှိခဲ့သော်လည်း ရန်ကုန်ဝယ်လက်အပေါ်မူတည်ပြီး တစ်ခါတစ်ရံ အိတ် ၃၀၀ ကျော်အရောင်းအ ဝယ်ဖြစ်ခဲ့ပေမယ့် ပဲဈေးကတော့ တစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ဈေးအနည်းငယ် လျော့ခဲ့ပါတယ်။

ပဲကြီးဈေးနှုန်းကတော့ ယခင်အပတ်ကထက် တစ်တင်း ၅၀၀ ကျပ်ဈေးမြင့်လာခဲ့ပါတယ်။ ပန်းတောင်း၊ ကံမ၊ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်မြို့နယ်များမှ ပဲအဝင်ရှိ ခဲ့ပြီး၊ယခုအပတ်အတွင်းရွှေကျွန်းရော ကမ်းနားပါ နှစ်မျိုး စလုံး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လှောင်သမားများနဲ့ ပဲကြော်ဖို လုပ်ငန်းရှင်များ အဝယ်ရှိတဲ့ အတွက် တစ်ရက်အိတ် ၅၀၀ ကျော်အရောင်းအဝယ်ရှိခဲ့ပါတယ်။ ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၁၉၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့် ယခုလကုန်ရက် မှာ တစ်တင်း ၁၈၂၀၀ ကျပ်သာရှိခဲ့တာကြောင့် တစ်တင်း ၁၀၀၀ ကျပ်ခန့်အထိ ဈေးလျော့သွားခဲ့တာကို တွေ့ရပါတယ်။ ပန်း တောင်း၊ ကံမဘက်မှ ပဲအဝင်နေ့တိုင်းရှိပြီး၊ ဒေသတွင်းခွဲစက် သမားများ ပုံမှန်ဝယ်ယူ သလို လှောင်လက်သမား များလည်း ဝယ်ယူမှုရှိခဲ့တာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ပဲပုပ်သီးနှံမှာ ပဲလှောင်လက်သမားများ ထုတ်ရောင်းချ လာတဲ့အတွက် ဈေးကွက်ကို တစ်ရက်အိတ် ၄၀ ကျော် ၅၀ ဝင်ရောက်လာခဲ့ပြီး၊ ပဲဈေးနှုန်းမှာ တစ်တင်း ၁၈၀၀၀ ကျပ်ကို ဈေးမြင့်လာခဲ့ပါတယ်။ ယခင်အပတ်ကအထိတစ်တင်း ၁၇၅၀၀ ကျပ်ထိဈေးငြိမ်ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၅၀၀ ကျပ်ခန့် ဈေးပိုလာတဲ့အတွက် ပဲလှောင်ထားသူ တောင် သူ အချို့မှ ရောင်းချမှုရှိလာခဲ့တာကို တွေ့ရပါတယ်။ခင်ဆွေဝင်း - ပြည်