Main menu

Background

မုံရွာကုန်စည်ဒိုင်မတ်လ လကုန်ပတ် ပဲဈေးကွက် ပဲကြီး၊ မြေထောက်အဝယ်မြောက်နေ

Tue, 04/09/2013 - 10:22 -- ydnar

မုံရွာကုန်စည်ဒိုင် မတ်လ လကုန် ပတ် ပဲဈေးကွက်မှာ ရန်ကုန်လက်အဆွဲ အေးလို့ ငုံနီဈေး ဆက်လက်ကျခဲ့ပါ တယ်။ ပွဲရုံတွေမှာ နယ်အဝင်မရှိသလို ဒေသခံ လှောင်လက်တွေအနေနဲ့ တစ် တင်း ၁၇၀၀၀ ကျပ် -၁၈၀၀၀ ကျပ်ဈေး များနဲ့ လှောင်ထားကြလို့ ယခုဈေးနဲ့ မရောင်းနိုင်သေးတဲ့အတွက်   ဝယ် လက်အေးသလို ရောင်းလက်နှေးခဲ့ကာ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြား သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင် ရပ်ကွက်က ဆိုပါတယ်။ ယခုအပတ် အတွင်းမှာ ငုံနီတစ်တင်း အမြင့်ဆုံး ၂၁၅၀၀ ကျပ်မှ ၂၀၂၀၀ ကျပ်ထိ ကျ ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။

Export  ဝယ်လက် ခါးဆက်ပြတ် သလောက် ဖြစ်နေတဲ့ ကုလားပဲမျိုးစုံ ကတော့ ယခုတစ်ပတ်အတွင်း ဈေး ဆက်လက်ငြိမ်နေကာ ဒေသတွင်းပဲခွဲ စက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက် သမားနဲ့ ပဲကြော်လိုင်းသမား အဝယ် ပုံမှန် ရှိခဲ့လို့ တစ်ရက်ကို V2 အိတ် ၇၀၀ ခန့်၊ 929 အိတ် ၁၅၀၀ ခန့်နဲ့ ထိုင်ဝမ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Export  အတွက် ရည်ရွယ်ပြီး စိုက်ပျိုးခဲ့ကြတဲ့ V7 ဟာ ယခုအပတ် Export  လည်း မဆွဲ ဒေသခွဲစက်သမားတွေအနေနဲ့ ဇကာဆိုဒ်ပြောင်းရတဲ့အခက်အခဲကြောင့် မဝယ်ကြတဲ့အတွက် V2 ထက် တစ် တင်း ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ထိ ဈေး နိမ့်ခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေးအနေနဲ့ ကုလားပဲရိုးရိုး တစ်တင်း ၁၇၃၀၀ ကျပ် ထိုင်ဝမ် ၁၇၅၀၀ ကျပ်၊ V2 ၁၇၇၀၀ ကျပ်နဲ့ 929 ၁၇၇၀၀ ကျပ် အမြင့်ဆုံးပေါက် ခဲ့တာတွေ့ရပါတယ်။ မုံရွာမတ်ပဲဈေး ကွက်အနေနဲ့ ဒိုင်မှာပစ္စည်းဝင်ရောက်မှု နည်းသလို ရန်ကုန်သမားအဆွဲနည်းပြီး၊ ဒေသခွဲစက်သမားအဝယ်သာရှိခဲ့လို့ တစ်ရက်အိတ် ၁၀၀ မှ ၁၅၀ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း ၁၇၀၀၀ ကျပ် အမြင့်ဆုံး ပေါက်ခဲ့ပါ တယ်။ စွန်တာနီဈေးကွက်အနေနဲ့ Export နဲ့ ပြည်တွင်းအသုံးရှိလို့ ယခု အပတ်မှာ တစ်တင်း ၁၃၆၀၀ ကျပ်ထိ ဈေးပြန်မာခဲ့ကာ ရန်ကုန်မန္တလေး ဝယ် လက်နဲ့ဒေသလုပ်ငန်းသုံးအဝယ်ကြောင့် တစ်ရက် အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ကုန် သည်ရပ်ကွက်က ဆိုပါတယ်။ ယခုအပတ် မြေထောက်ပဲ ဈေး ကွက်မှာရေလမ်းကပစ္စည်းဝင်သလောက် ရန်ကုန် ဝယ်လက်ဆွဲလို့ တစ်ရက်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားနေ့စဉ် အရောင်း အဝယ်သွက်ခဲ့ပြီး၊ အောက်စတစ်တင်း ၂၅၆၀၀ ကျပ်နဲ့ ထိပ်စ တစ်တင်း ၂၇၂၀၀ ကျပ်ပေါက်ခဲ့တာတွေ့ရပါ တယ်။ ဒီတစ်ပတ်အတွင်း ပစ္စည်း အဝင် ဆုံးပဲက ပဲကြီးဖြစ်ပြီး၊ ချင်းတွင်းအထက် လိုင်းကအဝင်သွက်ခဲ့ကာတစ်ရက် အိတ် ၂၀၀၀ ခန့် ဝင်သလို ဝင်သလောက် ရောင်းရတယ်လို့ ဆိုပါတယ်။ တရုတ် လက် ရန်ကုန်လက် ဒေသတွင်း ပဲကြော် ဖိုသမားနဲ့ လှောင်လက်အဝယ်ကြောင့် ယခုလို သွက်နေခြင်းဖြစ်ပြီး၊ ယခု ရက် ပတ်မှာ ကုန်းပဲကြီးတစ်တင်း ၂၂၀၀၀ ကျပ်နဲ့ရေပဲကြီးတစ်တင်း ၂၄၅၀၀ ကျပ် ပေါက်ခဲ့ကာ ဒီနှစ်ပဲအထွက်လျော့ နိုင် သလို ပစ္စည်းစောစောပြတ်ဖွယ်ရှိတယ် လို့ ကုန်သည်တွေက ပြောပါတယ်။ထွန်းလှိုင် - မုံရွာ