Main menu

Background

အဝင်နဲ့အရောင်း ပုံမှန်ရှိနေတဲ့ ဟိုပုံးနနွင်းဈေးကွက်

Tue, 04/09/2013 - 10:33 -- ydnar

ဟိုပုံးဒေသတစ်ဝိုက်ထွက်တဲ့ နနွင်းများ ဟိုပုံးဈေးကွက် ကို ပုံမှန်အဝင်ရှိနေပါတယ်။ နနွင်းစိုများ ဈေးကွက်တွင်း စဝင်နေသလို နနွင်းခြောက်များလည်း စဝင်နေပြီလို့ သိရပါ တယ်။ ဒီတစ်ပတ် နနွင်းအခြောက်တစ်ပိဿာ ၆၅၀ ကျပ်ဈေး ရှိပြီး၊ အရောင်းအဝယ်ကတော့ ပုံမှန်ပဲဖြစ်နေပါတယ်။ ဟိုပုံး ကုန်သည်အချို့က တရုတ်၊ အိန္ဒိယဝယ်လက် ကို စောင့်နေ တာရယ်၊ လက်ရှိဈေးကိုလည်း မကြိုက်လို့ ထုတ်မရောင်းသေး ဘဲ ဝယ်လှောင်ပြီး၊ကြိုက်ဈေးစောင့်နေ ပါတယ်။ တစ်ပတ် အတွင်းမှာတော့ ပိဿာချိန်  ထောင်ဂဏန်းလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ နနွင်း ပုံမှန်အဝင်ရှိနေ ပါတယ်။ ဆင်တောင်နနွင်းခြောက် တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ဈေးရှိပြီး၊ ရိုးရိုးနနွင်း ကတော့ တစ်ပိဿာ ၆၀၀ ကျပ် - ၇၀၀ ကျပ်ဈေးရှိနေ ပါတယ်။ တရုတ်ဝယ်လက် ရှိလို့နနွင်းပိဿာချိန် ၂၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။စောယုထွေး - တောင်ကြီး