မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲနဲ့ ပဲစင်းငုံနီကို အိန္ဒိယ ဝယ်လက်၊ ဒေသတွင်းခွဲစက်တွေနဲ့ လှောင်လက်များက ဝယ်လိုအား လျော့သွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သန်းနေ ကြောင်း သိရပါတယ်။ ဒါ့အပြင် ပဲတီစိမ်းကြီးနဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ် ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ ဒေသ တွင်းခွဲစက်တွေက ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၈၃ ကျပ်(တစ်တန်ကို ၄၇၉၅၀၁ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် ပြည်ပအဆွဲလျော့သွားတာကိုအကြောင်းပြပြီး ဈေးလျော့အဝယ်ရှိပေမယ့် မြို့ခံပဲခွဲစက်တွေကတော့ ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပဲဈေးကောင်းရတဲ့အခါမှာ ရောင်းလက်တွေ အရောင်းများခဲ့ပေမယ့် အခုလိုပဲဈေးတွေကျဆင်းလာတဲ့အခါ မှာ တော့ ဈေးကွက်မျှော်လင့်ချက် နဲ့ အရောင်းနည်းသွားတယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ကို ၁၀၃၃ ကျပ်(တစ်တန်ကို ၆၃၂၅၉၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က ဝယ်လိုအားပါးသွားပေ မယ့် ဈေးကွက်ထဲဝင်လာ တဲ့ပဲတီစိမ်း(ခရမ်းရွှေဝါ)ကိုတော့ တရုတ်ဝယ်လက်က အရည်အသွေး ပေါ်မူတည်ပြီး ဈေးဖြတ်အဝယ်ရှိနေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၂၈၀ ကျပ်(တစ်တန် ကို ၇၈၃၈၅၉ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ ခန့်သာဖြစ်ခဲ့ ကြောင်း သိရပါတယ်။ ဈေးကွက်ထဲအသစ်ဝင်ရောက်လာတဲ့ ကု လားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)က ဝယ်လိုအားရော ရောင်း လိုအားပါရှိပေမယ့် ပစ္စည်းရဲ့ အရည်အသွေးအပေါ်မူတည်ပြီး ဈေး ဖြတ်အဝယ်ရှိနေတယ်လိ့ု ဈေးကွက်အတွင်းမှ သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၂၆ ကျပ်(တစ်တန် ကို ၅၆၇၀၇၃ ကျပ်) ၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဝဿာ ၉၃၃ ကျပ် (တစ်တန်ကို ၅၇၁၃၅၉ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ နှမ်းမျိုးစုံကို တရုတ် ဝယ်လက်နဲ့ ဒေသတွင်းဆီစက်တွေက ဝယ်လိုအားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာတော့ ပစ္စည်းလက်ကျန်လျော့နည်းသွား ပြီလို့ သိရပါတယ်။ အရောင်းအဝယ်အနေ နဲ့ နှမ်းဖြူတစ်ပိဿာ ၂၆၆၇ ကျပ်၊ နှမ်းညိုတစ်ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းကြားတစ်ပိဿာ ၂၃၃၃ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၃၀၄၄ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ် ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားသာဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background