Main menu

Background

မတ်လနောက်ဆုံးပတ်မှာ သကာပွက်ရည်ဈေးမာပြီး၊ သကြားဈေးအေးတဲ့ မန်းသကြားဈေးကွက်

Tue, 04/09/2013 - 12:44 -- ydnar

ဒေသတွင်း မုန့်လုပ်ငန်း၊ နို့ဆီချက် လုပ်ငန်း၊ အချိုရည်လုပ်ငန်း၊ အရက် ချက်လုပ်ငန်းများက သကြား ပုံမှန် ဝယ် ယူမှုရှိပြီး၊ သကြားဈေးငြိမ်နေကြောင်း သိရပါတယ်။ သကြားဈေးငြိမ်နေပေ မယ့် သကာပွက်ရည်ဈေး ဒီအပတ် အတွင်းမှာ ရုတ်တရက် ထိုးတက် ကြောင်း အံ့သြဖွယ်တွေ့ရပါတယ်။ ယခင်အပတ်၊ ယခင်လများမှာ သကာ ပွတ်ရည် တစ်ပိဿာ ၁၀ ကျပ် ဈေးမြင့် သွားတိုင်း သကြားဈေးလည်း တစ် ပိဿာ ၁၀ ကျပ် - ၁၁ ကျပ် မြင့်တက် သွားတတ်ပါတယ်။ ဒါပေမယ့် ၂၀၁၃ ခုနှစ်၊ မတ်လနောက်ဆုံးအပတ်မှာ အရောင်းအဝယ်ပြုလုပ်တဲ့ သကြားနဲ့ သကာပွက်ရည်ဈေးနှုန်းမှာ သကြား A (၈၅၀ ကျပ်)၊ B (၈၄၀ ကျပ်)၊ C (၈၃၀ ကျပ်)ဖြစ်ပြီး၊ သကာပွက်ရည် ဈေးနှုန်း မှာ သကာပွက်ရည် တစ်ပိဿာ ၆၂၀ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ရာမှာ နေ့စဉ်သကြား ၃၀ ပိဿာ အိတ်နဲ့ ၃၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ အရောင်းအ၀ ယ်အေးကြောင်း သိရပါ တယ်။

မတ်လ တတိယအပတ်က သကြား A (၈၆၀ ကျပ်)၊ B (၈၅၀ ကျပ်)၊ C (၈၄၀ ကျပ်)နဲ့ သကာပွက် ရည် တစ်ပိဿာ ၅၂၀ ကျပ်နဲ့ နေ့စဉ် သကြားအိတ် ၃၀ ပိဿာ အိတ် ၂၅၀၀ မှ ၄၅၀၀ ထိအရောင်းအဝယ်ဖြစ်ခဲ့ ပါ တယ်။ ကုန်ချော သကြားဈေးနှုန်း တစ်ပိဿာ ၁၀ ကျပ် ဈေးအေးသွား ပေမယ့်သကာပွက်ရည်ဈေးအေးမသွား တဲ့အပြင်တစ်ပိဿာ ၁၀၀ ကျပ်ထိ ခုန် တက်သွားပါတယ်။ ကုန်ကြမ်း(သကာပွက်ရည်) ဈေး မြင့်တက်လာတဲ့နည်းတူ၊ ကုန်ချော (သကြား)ဈေးမြင့်လာဖို့လိုအပ်ပြီး၊ ယခု လက်ရှိကုန်ကြမ်းဈေးနှုန်းအရ သကြား တစ်ပိဿာ ၉၅၀ ကျပ်အထက်ရရှိမှ သာ သယ်ယူစရိတ်၊ လုပ်သားခ၊ မီတာ ခ၊ စက်စရိတ် ကာမိမှာဖြစ်ကြောင်း၊ သကာပွက်ရည်ရှားပါးလာပြီး၊ သကြား ဝယ်လက်(ရန်ကုန်) အဆွဲနည်းတာ ကြောင့် ယခုသြင်္ကန်မတိုင်မီအထိ သကြားဈေးနှုန်း သိသိသာသာ မြင့် တက်လာနိုင်ဖွယ်ရှိကြောင်း သကြား ကုန်သည်တစ်ဦး ရဲ့ ပြောကြားချက်အရ သိရပါတယ်။စိုးအောင် - မန္တလေး