Main menu

Background

ပြောင်းဈေးငြိမ်ပြီး မတ်ပဲဈေးအမြင့်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ဟင်္သာတကုန်စည်ဒိုင်

Tue, 04/09/2013 - 16:09 -- ydnar

ဧပြီလ ပထမပတ်အတွင်း ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေပြီး တစ်တင်းကို ၇၅၀၀ ကျပ်ဈေးနဲ့ တစ်ရက်အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲသီးနှံကတော့ ဈေးကွက်အတွင်း အဝင်လှိုင်လာပြီး တစ်ရက်အိတ် ၅၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲတစ်တင်းဈေးမှာ ယခင်အပတ်က ၁၆၁၀၀ ကျပ်၊ ယခုအပတ်မှာ ၁၆၈၀၀ ကျပ်ဈေးနဲ့ ရန်ကုန်ဈေးကွက်သို့ တစ်ရက်မတ်ပဲအိတ် ၃၀၀၀၊ ပြောင်းစေ့အိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။ အေးအေးခိုင်-ဟင်္သာတ