Main menu

Background

ချင်းစိုက်ချိန်ဖြစ်လို့ ဈေးကွက်ကို ချင်းအဝင်နည်း

Thu, 04/11/2013 - 10:16 -- ydnar

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်းနေပါတယ်။ ချင်းပြန်စိုက်တဲ့အချိန် ရောက်လာ တာကြောင့် တောင်သူတွေကလည်း ချင်းပြန် စိုက်နေလို့ အဝင်ကလည်း ခပ်ပါးပါးသာရှိနေတယ်လို့ ဆိုပါတယ်။ ပင်လောင်း၊ တီကျစ်ကတော့ အဝင်မရှိသလောက်နည်းနေပြီး အောင်ပန်းအနီး တစ်ဝိုက် ကျေးရွာတွေကသာ အဝင်ရှိနေပါတယ်။ စစ်တွေဝယ်လက်တွေနဲ့ ဈေးပတ်သမား တွေသာ ဝယ်ယူမှုရှိနေတာကြောင့် ပြီးခဲ့တဲ့အပတ် ကတော့ ပိဿာချိန် ၃ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လက်ကျန်လည်းအတော်နည်း သွားပြီဖြစ်ပါ တယ်။ အောင်ပန်းမှာ ချင်းဈေးက ရိုးရိုးချင်းက ၂၅၀ ကျပ်နဲ့ အခက်ကြီး အခက်လှ ချင်း တွေကတော့ တစ်ပိဿာ ၃၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၄ ရက် နေ့ထိ ချင်းစို ပိဿာချိန် ၁၃၀၀၀၀ နဲ့ ချင်းခြောက်ပိဿာချိန် ၉၄၀၀ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။

ကလောမြို့နယ်ဖက်မှသာ ချင်းပြန်စိုက်နေပေမယ့် ဟိုပုံးမှာတော့ ချင်းကို နောက်လလောက်မှ သာ ပြန်စိုက်ကြပါ မယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာ အရောင်း အဝယ်ကတော့ နည်းနည်းပြန်အေးနေပါတယ်။ ချင်းစိုကတော့ တစ်ပိဿာ ၃၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၅၀ ကျပ်ဈေးရှိနေပါတယ်။ဧဧခိုင် - တောင်ကြီး