Main menu

Background

မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ မတ်လတွင် ကြက်သွန်နီ တန် ၁၀၀ နီးပါး တင်ပို့

Thu, 04/11/2013 - 10:23 -- ydnar

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေး ဇုန်အနေနဲ့ မတ်လတွင်  ကန်ဒေါ်လာ သုည ဒသမ  ၃၉၃ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၉၇၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ အနီးကပ်ဆုံးကာလနဲ့နှိုင်းယှဉ်ပါက ၁၈ တန် ပိုမိုတင်ပို့နိုင် ခဲ့တာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံဈေးကွက်အတွင်းသို့ ထိုး ဖောက်ဝင်ရောက်နိုင်တဲ့ အနေအထားရှိပြီး ကြက်သွန်နီအလုံး သေးများကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊ စားသောက်ဆိုင်များ နဲ့ဟိုတယ်များမှာ အသုံးပြုကြောင်း သိရပါတယ်။

မြဝတီကူးသန်းရောင်းရေးဇုန်ရဲ့ ဇန်နဝါရီလမှ မတ်လ ထိကြက်သွန်နီတင်ပို့မှုမှာ ၂၇၅၀ တန်နီးပါးရှိပြီး တန်ဖိုး အားဖြင့်ကန်ဒေါ်လာ ၁ သန်းကျော်ရှိကြောင်း သိရပါတယ်။ခင်မြနွယ်  (MIRT)