ပြည်ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း တစ်ပိဿာကို (ဂျွန်) ၇၀၀-၇၅၀ ကျပ်၊ (ရှယ်) ၈၀၀-၉၀၀ ကျပ်တို့ ဖြစ်ပြီး၊ သြင်္ကန်မတိုင်ခင်ဈေးထက် ၁၀၀ ခန့် တက် သွားပါတယ်။ အောင်ပန်းဘက်မှ ချင်းများအခါမတိုင်မီ တစ်ပတ်ကို ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် အဝင်ရှိခဲ့ပြီး၊ ယခုတစ်ပတ်အတွင်းမှာ အဝင်မရှိဘဲ လက်ကျန် ချင်းများနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်ရှိ ပွဲရုံများမှာ သြင်္ကန်ရက်အတွင်း တစ်နေ့ကို ပိဿာချိန် ၄၅၀ ခန့်ထိ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်အတွင်း တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်နဲ့ အရောင်းအဝယ် ပုံမှန်ဖြစ် နေပါတယ်။ ဧရာဝတီနဲ့ ရခိုင်ဘက်ကို ပြည်ဈေးကွက်မှ တစ်ဆင့် စားသုံးမှု အဖြစ် ယခု တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းဝင်းခိုင် - ပြည်
Background