Main menu

Background

မန်ကျည်းဆက်တိုက် တင်ပို့အားကောင်း

Mon, 04/29/2013 - 12:12 -- ydnar

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဧပြီလ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် တစ်ထောင့် တစ်ရာကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံ များမှာ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ ဧပြီလ ဒုတိယ ပတ်အတွင်းမှာလည်း မန်ကျည်း ၅၈၆ ဒသမ ၈၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း စင်ကာပူနိုင်ငံကို တန်ချိန် ၄၂၀၊ ပါကစ္စတန်နိုင်ငံကို ၁၁၈ ဒသမ ၈၅ တန်၊ မလေးရှားနိုင်ငံကို ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် တင်ပို့မှုနဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ငါးရာကိုးဆယ် နီးပါး လျော့နည်းပြီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှု မှရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်းကျော်ရှိ ခဲ့တယ်လို့ သိရပါတယ်။     MIRT (DOT)