Main menu

Background

အခါပြီးစဖြစ်လို့ ရှမ်းနနွင်းလည်း ဈေးကွက်ကို အဝင်လျော့နေ

Mon, 04/29/2013 - 12:15 -- ydnar

ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ နနွင်းခြောက် အဝင်များ လာတယ်လို့သိရပါတယ်။ မူဆယ်ဝယ်လက် အချို့ကတော့ ခပ်ပါးပါးသာဝယ်ယူနေတယ်လို့ဆိုပါတယ်။ သြင်္ကန်ပြီးစမှာ အဝင်သိပ်မများပေမဲ့ ဒီရက်ပိုင်းမှာတော့ အဝင်ပြန် များနေပါ တယ်။ တစ်ရက်ကို ခန့်မှန်းခြေ ပိဿာချိန် ၅ ထောင်၊ ၆ ထောင်ခန့် အဝင်ရှိနေပါတယ်။ အဝင်များနေပေမဲ့ အရောင်း အဝယ်က ခပ်အေးအေးသာရှိနေပါသေးတယ်။ ပြည်ပ ဝယ် လက်တွေ ကတော့ ဈေးမေး လိုက်၊ ကြိုက်ဈေးမရလို့ အဝယ် ခဏရပ်လိုက်နဲ့ နနွင်းက ချင်းလောက် အရောင်းမသွက်ဘူး လို့လည်း သိရပါတယ်။ လက်ကျန်နနွင်းတွေလည်း အတော် များများ ကျန်နေ တာကြောင့် လှောင်လက်တွေ၊ တောင်သူ တွေ ကတော့ ရောင်းချင်နေကြပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၇၂၀ ကျပ်၊ ၇၃၀ ကျပ်ဈေးရှိပါ တယ်။ တောင်ကြီး ဈေးကွက်မှာ အင်းလေးစနနွင်းကိုတော့တစ်ပိဿာ ၅၅၀ ကျပ်၊ ၆၀၀ ကျပ်နဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။

အောင်ပန်းဈေးကွက်မှာတော့ သြင်္ကန်ပြီးဈေးစဖွင့်တဲ့ အချိန်မှာ တရုတ်နိုင်ငံကို နနွင်းတန်ချိန် ၄၀ ခန့်၊ နယ်စပ် လမ်းကြောင်းကနေ တင်ပို့ခဲ့ရတယ်လို့သိရပါတယ်။ အောင် ပန်း ဈေးကွက်မှာတော့ နနွင်းအဝင် သိပ်မရှိသေး ပါဘူး။ လှောင်လက်နဲ့ပွဲရုံတချို့ကရှိတဲ့ပစ္စည်းတွေကိုသာ ရောင်းဝယ် နေရတာကြောင့် ဈေးကလည်း နည်းနည်းတက် လာပါတယ်။ လက်ရှိနနွင်းပေါက်ဈေးက ရိုးရိုးနနွင်း ၇၀၀ ကျပ်နဲ့ ဆင် တောင်နနွင်း ၁၁၅၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်-တောင်ကြီး