Main menu

Background

သြင်္ကန်မတိုင်မီကာလ ပင်လယ်ရေကြောင်းမှ ရော်ဘာအဆင့်စုံ တန် ၁၄၀၀ ကျော်တင်ပို့

Tue, 04/30/2013 - 11:04 -- ydnar

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ သြင်္ကန်မတိုင်မီကာလ မတ်လ၃၁ ရက်မှ ဧပြီလ ၆ ရက်အတွင်းမှာ မလေးရှား နိုင်ငံသို့ ကန်ဒေါ်လာ ၂ဒသမ၂၀၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၄ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ မလေး ရှားနိုင်ငံအပြင် ပါကစ္စတန်နိုင်ငံကိုလည်း  Rubber Smoke Sheet 16  ခုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ တော့ ကန်ဒေါ်လာ ၁ဒသမ ၃၄၃ သန်း တန်ဘိုးရှိ ရော်ဘာ ၅၉၉ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှားနိုင်ငံသို့ RSS-3 ၂၉၁ တန်၊တရုတ်နိုင်ငံသို့ MSR-20  တန်၄၀ ကျော် နဲ့စင်္ကာပူနိုင်ငံသို့ MSR-20   ၂၆၈ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။

ယခုအပတ်ရော်ဘာနိုင်ငံတကာပေါက်ဈေးမှာယခင်အပတ်ဈေးနဲ့နှိုင်းယှဉ်ကြည့်ပါက တစ်တန်လျှင် ဒေါ်လာ ၂၀၀ ကျော် ကျဆင်းသွားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန် ထားတဲ့ ရော်ဘာဈေးများ ကတော့  RSS-1 တစ်တန်လျှင် ဒေါ်လာ၂၄၀၀-၂၅၀၀၊RSS-3 နှင့် MSR-20  တစ်တန် လျှင် ဒေါ်လာ၂၃၀၀-၂၄၀၀၊ RSS-5 နှင့် MSR-50  တစ်တန်လျှင်ဒေါ်လာ၂၂၀၀-၂၃၀၀၊ MSR-10  တစ်တန် လျှင် ဒေါ်လာ၂၃၅၀-၂၄၅၀၊ Creep Rubber တစ်တန်လျှင် ဒေါ်လာ၂၁၀၀-၂၂၀၀ ဖြစ်ကြောင်း သိရှိရပါတယ်။            ယဉ်ယဉ်အေး၊ (MIRT)