Main menu

Background

ယခုတစ်ပတ် ရှမ်းနနွင်းလည်း အရောင်းပြန်သွက်

Tue, 05/07/2013 - 10:47 -- ydnar

နနွင်းကလည်း ဒီတစ်ပတ်မှာ အရောင်းပြန်သွက်လာပါတယ်။ သြင်္ကန်ပြီးစမှာ အရောင်းအဝယ်ကောင်းခဲ့ တာ ကြောင့် တောင်သူတွေကလည်း ဖော်ပြီးရောင်းလာကြပါ တယ်။ ငွေလိုတဲ့ တောင်သူတွေကလည်း ဖော် ပြီး ရောင်း၊ လှောင်လက်တွေကလည်း ထုတ်ရောင်းနေတာကြောင့် အဝင်များလာတယ်လို့ ဆိုပါတယ်။ တရုတ်၊ အိန္ဒိယ ဝယ် လက်နဲ့ ပြည်တွင်းကလှောင်လက်တွေ အပြိုင်ဝယ်ယူနေတာ ကြောင့်အရောင်းသွက်နေပါတယ်။ ဒီတစ်ပတ်မှာ ဆင်တောင် နနွင်းတန် ၁၀၀ ကို တရုတ်နဲ့ အိန္ဒိယကိုပို့ခဲ့ရပါတယ်။ အောင်ပန်းနနွင်း (နဝလီ) ပြည်တွင်းေ လှာင်လက်တွေက ဝယ်ယူနေတာကြောင့် တန် ၁၀၀ နဲ့ ပင်လောင်းနနွင်းတန် ၁၀၀ အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ ဈေးလည်း ကောင်း၊ အရောင်းအဝယ်ကလည်း သွက်နေတာကြောင့် အရောင်း တန်ချိန်ကလည်း အရင်က ထက် တက်လာ ပါတယ်။ ဒီ တစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းတစ်ပိဿာ ပေါက် ဈေး တွေကတော့ ပင်လောင်း နနွင်း ၄၅၀ ကျပ် - ၄၈၀ ကျပ်၊ ရိုးရိုးနနွင်း ၆၀၀ ကျပ်၊ ဆင်တောင်နနွင်းက ၁၁၀၀ ကျပ်ရှိတယ်လို့ ဈေးကွက်က သိရပါတယ်။ဧဧခိုင် - တောင်ကြီး