မြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေး ဇုန်မှ ဧပြီလ ၂၄ ရက်မှ ၃၀ ရက်အတွင်းကန်ဒေါ်လာ သုည ဒသမ ၅၂၇သန်းတန်ဖိုးရှိတဲ့ရွှေဟင်္သာ၊စိန်တစ်လုံးနဲ့ သရက်အကြမ်း သီးတွေကို ၂၀၃၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၈၅၄ တန်ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၁၈၃ တန်ကျော် ပိုမိုလာပါတယ်။ စိန်တစ်လုံးသရက်က အမရပူရနဲ့ အုန်းချော ဒေသတွေကထွက်ရှိပြီး ရွှေဟင်္သာသရက်နဲ့ အကြမ်းသီးတွေကတော့ ဟန်မြင့်မိုရ်၊ အုန်းချော၊ အမရပူရနဲ့စဉ့်ကိုင်ဒေသ အသီးသီးက ထွက်ရှိတာလို့သိရပါတယ်။ စိန်တစ်လုံးသရက်ဈေးက တစ်ဖက်နိုင်ငံမှာ တစ်ကီလိုကို ၃ ယွမ်မှ ၆ ယွမ်၊ အကြမ်းသီးက ၂ ဒသမ ၆ ယွမ်မှ ၅ ဒသမ ၅ ယွမ်ဈေးပေါက်နေပါတယ်။ ၂၀၁၃ ခုနှစ်ဧပြီလတစ်လလုံး တင်ပို့နိုင်ခဲ့တဲ့သရက်သီးတန်ချိန်ကတော့၂၈၉၂ တန်နီးပါးဖြစ်ပါတယ်။ မော်မော်အောင် MIRT (DCCA)
Background