Main menu

Background

စခန်းစုံက ပို့တဲ့ပြောင်း

Mon, 05/13/2013 - 12:26 -- ydnar

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၁၉၅ သန်းတန်ဖိုးရှိတဲ့ ပြောင်းတန်ချိန် ၁၁၅၁၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့တဲ့ပြောင်း တန်ချိန်တွေကတော့ မူဆယ်မှ ၇၄၇၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၂၇၇၈ တန် ကျော်၊ လွယ်ဂျယ်မှ တန် ၁၂၀၀ နဲ့ကန်ပိုက်တီးမှ ၅၅ တန်ဖြစ်ပါတယ်။ ယခင် အပတ်က လွယ်ဂျယ်မှတင်ပို့မှုမရှိဘဲမူဆယ်၊ ချင်းရွှေဟော် နဲ့ကန်ပိုက်တီးစခန်း ၃ ခုမှပြောင်းတန်ချိန် ၁၂၇၃၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာတန်ချိန် ၁၂၀၀ ကျော်ေ လျာ့နည်းခဲ့ပါတယ်။ မန္တလေး-မူဆယ်ကုန်စည်သယ်ယူခနှုန်းထားမှာတော့ ပြောင်း ၁ ပိသာကို ၄၃ ကျပ်နဲ့တည်ငြိမ်နေ တာတွေ့ရပါတယ်။ နှစ်နိုင်ငံပြောင်း ဈေးများကိုကြည့်မယ်ဆိုလျှင် မိမိဘက်ဈေး ယခင်အပတ်ထက် အနည်းငယ်မြင့် တက် နေပါတယ် -

 
မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု           ယခင်    ပြောင်းလဲမှု    %     ယခု     ယခင်    ပြောင်းလဲမှု    % ၂၉၂၃၀၂    ၂၉၀၆၂၉         ၁၆၇၃       ၁    ၃၃၈      ၃၄၄             ၆        ၂မော်မော်အောင်၊ MIRT (DCCA)