Main menu

Background

ကူးသန်းရောင်းဝယ်ရေးနယ်စခန်းများမှ ရော်ဘာအဆင့်စုံ ၂၉၇ တန်ကျော် ပိုမိုတင်ပို့

Mon, 05/13/2013 - 12:31 -- ydnar

မေလ ၁ ရက်မှ ၇ ရက်တာကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၂၁၁ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၇၉၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၉၇ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာ ကို တွေ့ရှိရပါတယ်။ စခန်းအသီးသီး အလိုက် တင်ပို့နိုင်မှုတွေက တော့ မူဆယ် (၁၀၅)မိုင်ကူးသန်းရောင်းဝယ်ရေးစခန်းမှ  ကန် ဒေါ်လာ သုည ဒသမ ၅၁၄ သန်း တန်ဖိုးရှိ ရော်ဘာ RSS-3  ၁၇၆ တန်ကျော်၊ကန်ဒေါ်လာ ၁ ဒသမ ၇၈၆ သန်းတန်ဖိုးရှိ  ရော်ဘာ  MSR-20  ၆၀၈ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၇၇ သန်းတန်ဖိုးရှိ  ရော်ဘာ  MSR-50 ၂၈ တန်ခန့်၊ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၅၇၁ သန်းတန်ဖိုးရှိ  ရော်ဘာ RSS-3  ၅၅၁ တန် ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၁၃၄ သန်းတန်ဖိုးရှိရော်ဘာ ၃၈၄ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၁၂၉ သန်းတန်ဖိုး ရှိ ရော်ဘာ  MSR-50  ၄၅ တန်ကျော်၊ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ မိမိဘက်မှာ ရောတစ်ဖက် တရုတ်နိုင်ငံမှာ ပါ ရော်ဘာဈေးများပြောင်းလဲမှုမရှိဘဲဈေးငြိမ်နေတာကို တွေ့ရှိ ရပါတယ်။ မိမိဘက်နဲ့ တစ်ဖက်တရုတ်နိုင် ငံမြေပြင်ပေါက်ဈေး များကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု           ယခင်       ပြောင်းလဲမှု    %     ယခု    ယခင်      ပြောင်းလဲမှု    %RSS-3     ၂၀၉၁၅၀၀    ၂၀၉၁၅၀၀         -             -    ၂၃၅၀    ၂၃၅၀          -             -RSS-5     ၁၉၄၇၃၂၀    ၁၉၄၇၃၂၀        -              -    ၂၁၈၈    ၂၁၈၈          -             -ခင်ကလျာဦး MIRT (DCCA)