Main menu

Background

ပြည်ပဲဈေးကွက်မှာ မေလလယ် ပဲမျိုးစုံဈေးနှုန်းများ ဈေးငြိမ်နေသလို အရောင်းအဝယ်အေးလျက်ရှိ

Mon, 05/20/2013 - 11:48 -- ydnar

မေလလယ် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ ဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ အရောင်းအဝယ် လည်း အေးနေခဲ့ပါတယ်။ မတ်ပဲဈေးမှာ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ရန်ကုန်ဝယ်လက်များအဝယ်ရှိပြီး၊ တစ်ရက်အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်လံ၊ ပေါက်ခေါင်း၊ ပန်း တောင်း၊ ရွှေတောင်၊ ကျီးသဲဘက်မှ အဝင်ရှိပြီး၊ ပဲလက်ကျန် များလည်းရှိတာကြောင့် နေ့စဉ်အရောင်းအဝယ် ပုံမှန် ဖြစ်ပေ မယ့် ပဲဈေးနှုန်းမှာ ဈေးငြိမ်နေခဲ့ ပါတယ်။ ပဲစင်းငုံလက်ကျန် များ ရန်ကုန်ဝယ်လက်အပေါ်မူတည်ပြီး တစ်ခါတစ်ရံ အိတ် ၂၅၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲစင်းငုံဈေးမှာ ယခင်တစ်ပတ်ကထက် တစ်တင်း ၃၀၀ ကျပ်ခန့်သာ ဈေးပိုပြီး၊ တစ်တင်း ၂၀၈၀၀ ကျပ်နဲ့သာ ရောင်းဝယ်မှုရှိခဲ့ပါတယ်။ ကုလားပဲ သီးနှံမှာ ပန်းတောင်းမြို့နယ်ဘက်မှ ပဲအဝင်အနည်း ငယ်သာရှိခဲ့တာကြောင့် တစ်ရက်အိတ် ၂၅၀ ခန့်သာ ဝင် ရောက်ခဲ့ပြီး၊ ဒေသတွင်းဝယ်လက်များနဲ့ ခွဲစက် သမား၊ လှောင် လက်သမားများ ဝယ်ယူမှုရှိကာ ပဲတစ်တင်း ၁၉၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် လျက်ရှိတာ ကို တွေ့ရပါတယ်။

ပဲကြီးဈေးနှုန်းအနေနဲ့ ယခင်အပတ်မှစပြီး ဈေးပြန်အေး သွားခဲ့ကာ ယခုတစ်ပတ်မှာလည်း ပဲကြီး(ရွှေကျွန်း) တစ်တင်း ၃၄၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၃၁၅၀၀ ကျပ်နဲ့ ဈေးငြိမ် နေခဲ့သလို ပဲအဝင်လည်း ပန်းတောင်း၊ ကံမဘက်မှ နေ့စဉ် အဝင်မရှိတော့ဘဲ အိတ် ၁၅၀ - ၂၀၀ ခန့်သာ ဝင်ရောက်ခဲ့ ပါတယ်။ လက်လီသမားများနဲ့ ပဲကြော်ဖိုသမားများ ပုံမှန်ဝယ် ယူလျက်ရှိတာကြောင့် လက်ကျန်ပဲများရော ထုတ်ရောင်းချ လာကြကြောင်း သိရပါတယ်။ ထောပတ်ပဲသီးနှံမှာလည်း ပဲအဝင်မရှိတော့ဘဲ လက် ကျန် ပဲများသာ ဒေသတွင်း လက်လီသမားများနဲ့ တစ်ရက် အိတ် ၂၀ ခန့်သာ တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ ဈေးအပြောင်း အလဲမရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ တာကို တွေ့ရ ပါ တယ်။ ပဲပုပ်ဈေးမှာလည်း ယခင်အပတ်ကအတိုင်း တစ်တင်း ၂၂၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပြီး၊ ပဲပြားလုပ်သူများနဲ့ လက်လီ သမားများနေ့စဉ် ဝယ်ယူမှုရှိတာကြောင့် ပုံမှန်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်