Main menu

Background

မိုးကြိုပဲတီစိမ်းအသစ်များ မုံရွာကုန်စည်ဒိုင် ဝင်ရောက်ပြီ

Mon, 05/20/2013 - 11:50 -- ydnar

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၂၀၁၃-၁၄ ခုနှစ်၊ မိုးသီးနံှစိုက်ပျိုးမှုမှာ မိုးကြို ပဲတီစိမ်း ဧက ၂၅၀၀၀ ကျော် စိုက်ပျိုး ခဲ့ရာ စိုက်ဧကထက်ဝက်ကျော်ဖြစ်တဲ့ ဧက ၁၄၀၀၀ ကျော်ကို ချောင်းဦး မြို့နယ်မှာ စိုက်ပျိုးခဲ့ပါတယ်။ မေလ ဆန်းမှစတင်ပြီး ချောင်းဦး၊ မြောင်၊ ယင်း မာပင်မြို့နယ်များမှာ စောစိုက် မိုးကြို ပဲတီစိမ်းများ မုံရွာကုန်စည်ဒိုင် ကို နေ့စဉ် တင်း ၅၀ - ၆၀ ဝင်ရောက်လာပြီဖြစ်ပါ တယ်။ သြင်္ကန်ပြီးနောက်ပိုင်း ပဲတီစိမ်း ပေါက်ဈေးမှာ တစ်ရိပ်ရိပ် တက်ခဲ့ရာ ယနေ့ မေလ ၁၆ ရက် မုံရွာကုန်စည် ဒိုင်မှာ ပဲတီစိမ်းတစ်ပိဿာပေါက်ဈေး ပဲတီစိမ်း(ကြီး၊ သေး) ၁၃၆၈ ကျပ် - ၁၀၅၃ ကျပ်ဖြစ်ပြီး၊ မန္တလေးဝယ်လက် ပုံမှန်ရှိလို့ ပဲတီစိမ်း(ဟောင်း၊ သစ်) တစ်ရက်အိတ် ၂၀၀ - ၃၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။        သန်းသန်းတင် - မုံရွာ