ပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မေလ ၅ ရက်မှ ၁၁ ရက်အတွင်း နနွင်း ၁၅၀ ဒသမ ၁၆ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်များမှာ ပါကစ္စတန်နိုင်ငံကို ၂၉ ဒသမ ၉၆ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ ကို ၂၈ တန်၊ စင်ကာပူနိုင်ငံကို ၁၆ ဒသမ ၂ တန်နဲ့ မလေးရှား နိုင်ငံကို ၇၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် နနွင်းတင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် တစ်ရာ့နှစ်ဆယ် ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၤဥြ ဈေးက တစ်တန် ကို ပျမ်းမျှ ကန်ဒေါ်လာ ၅၃၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ယခုလအထိ နနွင်းတင်ပို့မှုစုစုပေါင်း တန်ချိန်မှာ ၂၁၈၄ ဒသမ ၉၈၈ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ကိုးသိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
Background