Main menu

Background

တိုက်ကား နဲ့ ရိုက်စား

Mon, 05/20/2013 - 13:35 -- ydnar

အစိုးရသစ်လက်ထက် အပြောင်း အလဲများစွာထဲမှာ ကားတင်သွင်းခွင့် ပြုခဲ့တာလည်း အပါအဝင်ပါပဲ။ အရင် တုန်းကတော့ လမ်းမပေါ်မှာ ကား ဟောင်း၊ ကားစုတ်တွေခုတော့ ကား သစ်လေးတွေ အစီအရီဖြစ်လာတော့ မြို့လည်း ကျက်သရေရှိတာပေါ့။ ကား တင်သွင်းခွင့် ရပြီဆိုတာနဲ့ နိုင်ငံတော် အပိုင်းက ရည်ရွယ်ချက်ေ ကာင်းကောင်း နဲ့ ယာဉ်အို ယာဉ်ဟောင်းပိုင်ရှင်များ မနစ်နာစေဖို့၊ ယာဉ်အိုယာဉ်ဟောင်း အပ်ပြီးမှ ကားအသစ် တစ်စီးသွင်း ခွင့် ရခဲ့တာတင်၊ ပြည်သူအများ ဈေးသက် သာသာနဲ့ စီးရအောင် ရန်ကုန် ဆိပ် ကမ်းအရောက်ဈေး အမေရိကန် ဒေါ် လာ ၅၀၀၀ ကို အခြေခံပြီး ၁၉၉၅ မော်ဒယ်ကနေ ၂၀၀၂ မော်ဒယ်အထိ သွင်းခွင့်ပေးခဲ့တော့ အပြိုင်အဆိုင် သွင်း ပြီး ရောင်းလိုက်ကြတာ ကားတစ်စီး သိန်း လေးငါးဆယ်ကနေ တစ်ရာ၊ တစ် ရာငါးဆယ်အထိဖြစ်ခဲ့ကြတယ်။ ဝယ်သူ ကလဲ ကားကောင်းငတ်နေတဲ့ ပြည်သူ ဆိုတော့မစောင့်နိုင်လို့ ဆိပ်ကမ်းထဲ တောင်လိုက်ဝယ်တယ်။ ကားတင်သွင်း တဲ့သူတွေကလဲ ဂျပန်လေလံမှာ ကား ကောင်း၊ ကားသန့်ဈေးကောင်းပေးပြီး ဆွဲတယ်လေ။ အများသိတဲ့ မတ်ခ်တူး၊ ရွှေငါး   2002  Model  ဆိုရင် ဂျပန်ယန်း ၁၀ သိန်းကျော်တောင် ပေးဆွဲတယ်။ အခုဘာရှိမလဲ ယန်း ၁ သိန်းခွဲ လွန် ရောပေါ့၊ Pajero 99 model  အများ ခေါ် ဖားပြုတ်ပေါ့ဗျာ။ ဂျပန်ယန်း ၂၅ သိန်းကျော်ဆိုတော့ သိန်း ၆၀/၇၀ မြတ်သေးတာပဲလေ၊လုပ်စားလို့ကောင်း မှကောင်း၊ တိုက်ကားတို့ ရိုက်စားတို့ မလိုဘူးပေါ့ဗျာ။ အဲဒီတုန်းက ရွှေမြန်မာ တွေသွေးကြီးပုံက ဂျပန်လေလံမှာ Grade 4-B၊ အဲဗျာ...R တို့ RA  တို့တောင် ရှောင်တယ်၊ တိုက်ကား တော့ဝေးရောပေါ့။ လုပ်စားလို့ကောင်း တော့ ယာဉ်အို/ယာဉ်ဟောင်းဈေး ကလဲကျပ်(၆၀) (၆၅) သိန်းကနေ သိန်း (၁၅၀) လောက် ထိ ဖြစ်လာတော့ တာ ပေါ့။ နောက်နိုင်ငံခြားရေးတို့၊ ပြည်ပ အလုပ်သမားတို့ကလဲ ဘဏ်စာအုပ် လေးနဲ့ 2007 model အထက်ကားသစ် လေးတွေသွင်းခွင့်ရတော့ အများခေါ် ကား တင်သွင်းခွင့်စလစ်ပေါက်ဈေးက- ကျပ်၆၀/၆၅သိန်း ကားသွင်းပြီး ရောင်း စားတော့သိန်း ၄၀ လောက်မြတ်၊ သူလဲ ကိုက်သေးတာပဲ။ ကဲလာပြီ... ကား လောက အလှည့်အပြောင်း၊ မည်သူ မဆို နိုင်ငံခြား ငွေစာရင်းရှိရင် 2007 model  အထက် ကားတွေသွင်းခွင့်ပြု လိုက်တော့ သေပြီ ဆရာပေါ့ဗျာ၊ ယာဉ် အို/ယာဉ်ဟောင်း ဈေးက ၆၀/၆၅ သိန်း၊ နေရင်းထိုင်ရင်း စာရွက်တစ်စောင် သိန်း (၁၀၀) ကျော် ရှုံး၊ 2007 model  စလစ်ဈေးက ZERO -သုညပေါ့ဗျာ။ ကားတင်သွင်း ရောင်းချသူတွေ မြတ် သမျှကုန်၊ အရင်းပြုတ် အသဲကွဲ၊ အင်း လုပ်စားလို့မကောင်းပါလား။ ကဲ... အခုတော့ ကားတင်သွင်း ပြုခဲ့တာကလဲ ၂ သိန်း နီးပါး၊ သွင်းပြီးသမျှ ကားကလဲ ၂သိန်းနီးပါး၊ မော်တော် ယာဉ်အရောင်း စင်တာပေါင်းက ၁၃၀ ကျော်၊ အပြင် က ကားသွင်းရောင်းရသူတွေက ဒုနဲ့ ဒေး၊ (ကားရောင်းသူ ဘဲအုပ်က ၂၀၀ ၃၀၀ ကားဝယ်သူ မဗေဒါက တစ်ပင်ထဲ ကိန်းဆိုက်ပြီ)ကားတစ်စင်းကျပ်(၅)သိန်း (၁၀) သိန်းမြတ်ဖို့ခက်တယ်။ ဝယ်သူ က ဈေးမပေးတော့ အရှုံးခံရောင်းရ၊ မြတ်တုန်းက သွေးကြီးတဲ့ရွှေမြန်မာ၊ ရှုံး ချက်ကနာတော့ သွေးမရှိ၊ ဂရိတ် (၃ ဒသမ ၅) ကနေ (သုည) ပေါ့ဗျာ။ အတွင်းဂရိတ် (B)ကနေ E မကလို့ Z ရောက်ရောက်ဗျာ၊ ကီလိုက (၂) သိန်း၊ (၃) သိန်း၊ ရောင်းကားပဲကိုယ်စီမှာမှ မဟုတ်ဘဲ၊ လုပ်စား လို့ မကောင်းတော့ ကောင်းသလို လုပ်စားရတော့တာပေါ့၊ ကားတွေက ရန်ကုန်ဆိပ်ကမ်းက ထုတ် ပြီး ဝယ်သူမပြခင်၊ ဆေးရုံတက်၊ ကား ဘော်ဒီရုံနဲ့ ဆေးမှုတ်ရုံ ပို့ရတာပေါ့ ဗျာ။ ဒါမှလဲ ရောင်းပန်းဝယ်ပန်းလှ မှာကို၊ ကဲဆရာတို့ရေ နောက်ဆုံးတော့ ဂရိတ် (သုည) ထက် ဆိုးတဲ့ (xxx) အရပ်ခေါ်တိုက်ကားပေါ့ဗျာ၊ တိုက် ကားနဲ့ ရိုက်စားလုပ်တဲ့ အဆင့်ရောက် ပြီဆိုတော့ ဘာဆက်လုပ်ကြမလဲ၊ တိုက် ကားကိုပြင်တာက အတိုင်းအတာရှိ တယ်။ သေချာတာကတော့ သူသူ ကိုယ်ကိုယ် တိုက်ကားကို ဈေးသက်သာ လို့သပ်သပ်မှာပြီး မစီးကြပါဘူး။ ရောင်း စားကြမှာပါပဲ၊ တိုက်ကားနဲ့ ရိုက်စား တို့ကိုထွက်ပေါက်ပေး လို့ကတော့ နိုင်ငံ တစ်ကာ တိုက်ကားအပုံကြီး မြန်မာ့ ဆိပ်ကမ်းထဲရောက်လာနိုင်တာမို့အများ ပြည်သူ ကိုယ်စား သက်ဆိုင်သူတို့ ပြတ် ပြတ် သားသားကာကွယ်ပေးတာဟာ အကောင်းဆုံးဖြစ်ကြောင်းပါလို့ တင်ပြ လိုက်ပါရစေဗျာ . . .။(ကြုံပြော)