Main menu

Background

မေလတတိယပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက် ငုံနီစိမ်းကြီး အရောင်းသွက်

Tue, 05/28/2013 - 10:28 -- ydnar

မုံရွာကုန်စည်ဒိုင် မေလတတိယ ပတ် ပဲဈေးကွက်မှာ အမြင့်ဈေးနဲ့ ငုံနီ အရောင်းအဝယ်သွက်ခဲ့သလို ပြည်တွင်း လုပ်ငန်းသုံးလိုအပ်ချက် မြင့်မားလာလို့ ပဲကြီးလည်း ဈေးမြောက်လာခဲ့တာ တွေ့ ရပါတယ်။ ယခုတစ်ပတ် ပဲတစ်မျိုးချင်း ဈေးကွက်ဖြစ်ပေါ်မှုအနေနဲ့ ပြည်တွင်း လုပ်ငန်းသုံး အဝယ်သာရှိတဲ့ ကုလားပဲ အုပ်စုဟာ ဈေးဆက် လက်အေးနေခဲ့ ကာ V2  တစ်တင်း၁၈၆၀၀ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၈၁၀၀ ကျပ်၊ 929 တစ် တင်း ၁၈၃၀၀ ကျပ်နဲ့ ကုလားပဲရိုးရိုးတစ် တင်း ၁၇၈၀၀ ကျပ် အသီးသီးသာ  အမြင့်ဈေး ပေါက်ခဲ့ပါတယ်။ ယခုတစ် ပတ် အတွင်း ဝယ်လက်နဲ့ ရောင်းဝယ်မှု ပမာဏအားဖြင့် V2 ၊ ထိုင်ဝမ်နဲ့ ကုလားပဲ ရိုးရိုးကို ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်ဖို၊ ပဲလက်လီစတဲ့ လုပ်ငန်းသမား အဝယ်သာရှိခဲ့ပြီး၊ တစ် ရက် ကို ၃ မျိုးပေါင်း အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ တယ် လို့ ဆိုပါတယ်။ 929 ကုလားပဲကတော့ ဒီရက်ပိုင်းအတွင်း ဒေသလုပ်ငန်းသမား များအပြင် ရန်ကုန် ဝယ်လက် အနည်း ငယ် ရှိခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်သွက်ခဲ့တယ်လို့ ကုန် စည်ဒိုင်ရပ်ကွက်က ဆိုပါတယ်။

ယခုတစ်ပတ် ငုံနီဈေးကွက် အနေ နဲ့ ရန်ကုန်ဝယ်လက်ပုံမှန်ရှိခဲ့လို့ တစ်ရက် အိတ် ၁၅၀၀ ဝန်းကျင်ခန့် အရောင်း အဝယ်ဖြစ်နေသလို တစ်တင်း ၂၀၉၀၀ ကျပ်မှ ၂၁၂၀၀ ကျပ်အတွင်း ဈေးမာ နေတာ တွေ့ရပါတယ်။ဒီတစ်ပတ် ရန်ကုန်ကို ငုံနီစီးထွက်မှုအနေနဲ့ ဆက် လက်အားကောင်းနေပြီး မုံရွာရန်ကုန် ကုန်းလမ်းကနေ အိတ် တစ်သောင်းခန့် တင်ပို့ခဲ့ကြတယ်လို့ ပို့ဆောင်ရေးရပ် ကွက်က ဆိုပါတယ်။ ယခုတစ်ပတ်မှာ ရေသွင်းပဲတီစိမ်းတွေ အဝယ်သွက်လာ ခဲ့ရာ တရုတ်လက်က ဝင်သလောက်ဆွဲ လို့ ဈေးလည်းတစ်တင်း ၂၅၀၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်ထိ မြောက်ခဲ့ကာ တစ် ရက်ကို အိတ် ၇၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ် ကွက်က ဆိုပါတယ်။ စွန်တာနီပဲအနေနဲ့ ကုန်သည် လက်ဝယ် ပစ္စည်းနည်းလာပြီး  ရောင်း လိုအားလည်းလျော့လို့တစ်တင်း၁၆၀၀၀ ကျပ်နဲ့ ဈေးမာစွာနဲ့ တစ်ရက်အိတ် ၂၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ် လျက်ရှိတယ်လို့သိရပါတယ်။ ထောပတ် ပဲ လည်း ရောင်းလက်နည်းခဲ့လို့ တစ် တင်း ၁၆၂၀၀ ကျပ်ဈေးမှာ ငြိမ်နေတာ တွေ့ရပါတယ်။ ယခုတစ်ပတ် မြေ ထောက် ဈေးကွက်မှာ ကုန်သည်လက် ဝယ် ပစ္စည်းမရှိသလို နယ်အဝယ်လည်း ငြိမ်နေတဲ့အတွက် တစ်တင်း ၂၆၀၀၀ ကျပ်၊ ၂၈၀၀၀ ကျပ်ဈေးမှာတန့်နေပြီး၊ ရံဖန်ရံခါမှသာ အရောင်းအဝယ် ဖြစ် ခဲ့တယ်လို့ဆိုပါတယ်။ တောင်သူ လက် ဝယ်မှာ မရှိသလို ဒေသခံကုန်သည် လှောင် လက်တွေမှာလည်း လက်ကျန် နည်းနေတဲ့ ပဲကြီးဈေးကွက်မှာ ပြည် တွင်းသုံးအဝယ်လိုက်နေလို့ ယခုတစ် ပတ်အတွင်း တစ်တင်း ၃၁၅၀၀ ကျပ် ထိ ဈေးမြောက်ကာ အရောင်းအဝယ် အားဖြင့် တစ်ရက်ကိုအနည်းဆုံး အိတ် ၁၀၀ မှအများဆုံး အိတ် ၅၀၀ ထိ ဖြစ် ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က လေ့ လာ သိရှိရပါတယ်။ ထွန်းလှိုင်-မုံရွာ