Main menu

Background

ပဲနဲ့ ပြောင်း အဆွဲကောင်းခဲ့တဲ့ အောင်ပန်းကုန်စည်ဒိုင် ဈေးကွက်

Tue, 05/28/2013 - 10:27 -- ydnar

ရှမ်းပြည်နယ်  တောင်ပိုင်း အောင်ပန်း ကုန်စည်ဒိုင် ဈေးကွက်မှာ မေလတတိယပတ်အတွင်း အစေ့ထုတ် ပြောင်း ကို တရုတ်ဝယ်လက် ရှိတာ ကြောင့် မန်းပွဲရုံတွေက အဝယ်လိုက်နေ သလို ပဲရာဇာကိုလည်း မန်းပဲခွဲစက်များ က ရသလောက်ဝယ်ယူနေတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ် ကောင်း ခဲ့သလို ဈေးနှုန်းကလည်း ခပ်စွာစွာ အခြေအနေမှာ ရှိနေပါတယ်။

မေလ တတိယပတ် အတွင်း အောင်ပန်းကုန်စည်ဒိုင်မှာ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်သီးနှံများရဲ့ ဈေးနှုန်းများ ကတော့ ပဲရာဇာတစ်ပိဿာ ၁၅၅၀ ကျပ်၊ ပဲစင်းငုံတစ်ပိဿာ ၉၅၀-၁၀၅၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ ၁၁၀၀ ကျပ်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၄၅၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၅၀၀-၁၆၀၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ ၁၁၅၀ ကျပ်၊ ချင်းအစိုတစ်ပိဿာ ၅၀၀-၇၀၀ ကျပ်၊ နနွင်းတစ်ပိဿာ ၇၀၀-၁၂၀၀ ကျပ်၊ ချင်းခြောက်တစ် ပိဿာ ၁၁၀၀ ကျပ်၊ အာလူးတစ် ပိဿာ ၃၀၀-၆၀၀ ကျပ်တို့ဖြစ်ပြီး၊ မေလ ၁၆ ရက်မှ ၂၂ ရက်အထိ အောင်ပန်းကုန်စည်ဒိုင်ရဲ့ သီးနှံအမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှု အခြေအနေများကတော့ ပဲရာဇာ ၁၆ တန်၊ ပဲစင်းငုံ ၁၉ တန်၊ ပဲပုပ်စေ့ ၂၅ တန်၊ အစေ့ထုတ်ပြောင်း တန် ၃၀၊ ကြက်သွန်ဖြူ ၃၂၈ တန်၊ ပန်းနှမ်း ၁၇ တန်၊ ချင်းအစို ၃၁၆ တန်၊ နနွင်းတန် ၉၀၊ ချင်းခြောက်တန် ၇၀ နဲ့ အာလူး ၃၅၂ တန်တို့ဖြစ်ပြီး၊ စုစုပေါင်းကုန်စည် ၁၂၆၃ တန် တင်ပို့ ရောင်းချနိုင်ခဲ့ ကြောင်း၊ အောင်ပန်းကုန်စည်ဒိုင် ဈေး ကွက် သတင်းအရ သိရပါတယ်။မင်းအောင်-တောင်ကြီး