Main menu

Background

ဟင်္သာတကုန်စည်ဒိုင်မှာ မတ်ပဲအရောင်းအဝယ်သွက်ပြီး ပြောင်းဈေးကောင်းသော်လည်း အရောင်းအဝယ်အေးနေ

Tue, 05/28/2013 - 10:33 -- ydnar

ဟင်္သာတ ကုန်စည်ဒိုင်ဈေးကွက်မှာ မတ်ပဲသီးနှံမှာ ပုံမှန်အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟင်္သာတ ပဲဈေးကွက်ကို ခရိုင်အတွင်းမြို့နယ်များမှ ဝင်ရောက်မှု နည်းသွားပြီး၊ ဒေသခံလှောင်လက်ကုန်သည်ကြီးများရဲ့ ရောင်းချမှု၊ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်ယူအားကြောင့် နေ့စဉ်အိတ် ၅၀၀၀ ခန့်တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်ရဲ့ မတ်ပဲဈေးနှုန်းကတော့ တစ်တင်းကို ၁၇၉၀၀ ကျပ် ဈေး ဖြစ်လို့ ယခင်တစ်ပတ်ထက် ဈေးပိုမြင့်လာပါတယ်။ အစေ့ထုတ်ပြောင်းသီးနှံမှာ ဈေးအဖွင့်မှာ ပိဿာ ၂၀ တစ်တင်းကို ၇၅၀၀ ကျပ်နဲ့ စခဲ့ရာ ယခုအချိန်မှာ တစ် တင်းကို ၉၄၀၀ ကျပ်ဈေးနဲ့ ဈေးကောင်းရနေပါ တယ်။ ပြောင်းဈေးေ ကာင်းနေ ပေမယ့် ယခုတစ်ပတ်မှာ အရောင်းရှိပြီး၊ အဝယ်အေးသွားပါတယ်။ ပြောင်းစီးထွက်မှု အနေနဲ့ ယခုတစ်ပတ်မှာ အိတ် ၂၀၀၀ ခန့်သာ တင်ပို့နိုင်တယ်လို့ သိရပါတယ်။အေးအေးခိုင် - ဟင်္သာတ