Main menu

Background

ယခုတစ်ပတ်မှာ ရှမ်းချင်းစို အရောင်းသွက်နေ

Tue, 05/28/2013 - 10:36 -- ydnar

ဒီနှစ်ကတော့ ချင်းဈေးကောင်းတဲ့နှစ်ဖြစ်ပါတယ်။ ၂၀၁၀ ကတော့ ဒီနှစ်ထက် ဈေးကောင်းခဲ့ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ မှာ အရောင်းအဝယ်ကလည်းမကောင်း၊ Export  ကလည်းနားသွား၊ အရည်အသွေးတွေကလည်းညံ့၊ (မိုးမိတာများလို့ ထိပ် ပုပ်တွေများပါတယ်) တာကြောင့် ချင်းလက်ကျန်က တောင်ပုံ၊ ယာပုံဖြစ်ကျန်ခဲ့ပါ တယ်။ ၂၀၁၂ ခု စက်တင်ဘာလမှာ ချင်းဈေးကတစ်ပိဿာ ၅၀ ကျပ်၊ ၇၀ ကျပ် အထိ ဈေးကျခဲ့တာကြောင့်၊ အလုပ်သမားခ၊ သယ်ယူခတွေနဲ့ တောင်သူတွေ အရှုံး ကြီးရှုံးခဲ့ရပါတယ်။ ဒီနှစ်တော့ အဲဒီစရိတ်တွေ ပြန်ကာမိတယ်လို့ဆိုရပါမယ်။ ဒီနှစ် မှာတော့ ချင်းကနှစ်စကတည်းက ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ စစ်တွေ၊ တမူးကနေ တစ်ဆင့် နယ်စပ်လမ်းကြောင်းအတိုင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ကို သွား နေတာကြောင့် ချင်း(စို)ကအရောင်းသွက်နေပါတယ်။ ချင်း (စို)ကတော့ ဝယ်လက် တွေက ရှိရင်ရှိသလောက် ဝယ်ယူနေကြပါတယ်။

ချင်းခြောက်ကတော့ Export   မရှိပေမဲ့ ချင်း (စို) အရောင်းအဝယ် ကောင်းနေ တာလို့ ဝယ်လက်တွေကလည်း ချင်းခြောက်ကို ဝယ်လှောင် နေကြတာကြောင့် ချင်းခြောက်ကလည်း အရောင်းအဝယ်ကောင်းနေပါတယ်။ ချင်း (စို) က တစ်ပိဿာ ကို ၄၀၀ ကျပ်မှ ၆၅၀ ကျပ်ဈေးနဲ့ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၁၀၀ ကျပ် ဈေးရှိပါတယ်။ တစ်ပတ်အတွင်း ချင်း (စို) ပိဿာချိန် နှစ်သိန်းငါးသောင်းနဲ့ ချင်း (ခြောက်) ပိဿာချိန် (လေးသောင်းသုံးထောင်) အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်း ပွဲရုံတွေက သိရပါတယ်။                     ဧဧခိုင်-တောင်ကြီး