မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ် ရေးဇုန်မှ မေလ ၁၅ ရက်မှ ၂၁ ရက်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းဖိုးရှိတဲ့ စိန်တစ်လုံးနဲ့ ရွှေဟင်္သာသရက်သီးတန်ချိန် ၄၂၁၀ နဲ့ ချင်းရွှေဟော်မှ စိန်တစ်လုံးသီး ၁၈ တန်ခွဲကို ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၃၇၃၇ တန်နဲ့ ချင်းရွှေဟော်မှ ၇ တန် တင်ပို့ခဲ့တာမို့ ယခုအပတ် သရက်သီး တင်ပို့မှု ၄၈၄ တန်ပိုမိုခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ ပုသိမ်ကြီးမြို့နယ်တွေက ထွက်ရှိတဲ့သရက် သီးတွေကို ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မှတစ်ဆင့် တရုတ်ပြည် သို့ တင်ပို့ ရောင်းချလျက်ရှိရာ နေ့စဉ်ကားအစီး ၁၀၀ နီးပါးအတက် ရှိနေတယ် လို့သိရှိရပါတယ်။ မန္တလေးမှ တင်ပို့တဲ့ သရက်သီးများကို မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံ များမှ တရုတ်ကုန်သည်တွေ အဝယ် သွက်နေပါတယ်။ အနံ့ အရသာနဲ့ပြည့်စုံတဲ့ သရက်သီးမျိုး များ ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်ရာမှာ အောင်မြင်ဖြစ်ထွန်းလာခြင်း အတွက် ပြည်တွင်းရှိ သရက်သီးစားသုံးမှုကို ဖူလုံတဲ့အပြင် အရည်အသွေး ပြည့်မီတဲ့ သရက်သီးများကို ပြည်ပကို တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ သရက်စိုက် တောင်သူတွေလည်း ဝမ်းသာနေကြရပါတယ်။မော်မော်အောင် MIRT (DCCA)
Background