Main menu

Background

ဈေးနှုန်းတည်ငြိမ်မှုနဲ့ နှစ်စဉ်ရောင်းဝယ်မှု ကောင်းခဲ့တဲ့ မန္တလေးပြောင်းဈေးကွက်

Tue, 05/28/2013 - 12:57 -- ydnar

မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်တဲ့ သီးနှံများထဲမှာ ပြည်ပပို့ကုန် ရော၊ ပြည်တွင်းစားသုံးမှုပါ အရေးပါတဲ့ ပြောင်းဖူးစေ့ကို တိုင်းဒေသကြီးအတွင်း ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ မတ္တရာအစရှိတဲ့ မြို့နယ်များ အပြင် အခြားတိုင်း မြို့နယ်များဖြစ်တဲ့ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းအစရှိတဲ့ ဒေသများမှာ စိုက်ပျိုးတဲ့ ပြောင်းသီးနှံများ၊ ရှမ်းပြည်နယ်၊ ကျောက်မဲ၊ သီပေါမြို့နယ်များမှထွက်ရှိတဲ့ ပြောင်းဖူး စေ့များကို ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း(ကုန်စည်ဒိုင်)ရဲ့ ဈေး ကွက်မှ တစ်လကို အိတ် ၂၀၀၀၀ ဝန်းကျင်နဲ့ တန် ၁၇၅၀၀ ခန့် လစဉ် ရောင်းဝယ်မှု ရှိနေပါတယ်။ ပြောင်းဖူးစေ့သီးနှံများကို ပြည်တွင်းရောင်းဝယ်မှုနဲ့ ပြည်ပတင်ပို့မှုများပါ တွင်တွင်ကျယ်ကျယ်ရောင်းဝယ်မှုပြုတဲ့အတွက် ပဲဈေးကွက်ကို ပြောင်းဈေးကွက်က နေရာယူတဲ့ နှစ်တွေရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်ပတင်ပို့မှုအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှ ပြောင်းဖူးစေ့ကို နှစ်စဉ်တန် ၃ သောင်း ဝန်းကျင်ဝယ်ယူမှု ရှိခဲ့ပြီး၊ ပြည်တွင်းသုံးအနေနဲ့တော့ ဒေသတွင်း အစာ စပ် စက်ရုံများ၊ စားသောက်ကုန်လုပ်ငန်း များနဲ့ ပြည်တွင်း က လှောင်လက်သမားများ ဝယ်ယူမှုရှိခဲ့ကြောင်း သိရပါတယ်။ ပြည်တွင်းဈေးကွက်အနေနဲ့ ၂၀၁၃ ခုနှစ်၊ မတ်လ အတွင်းမှာတော့ ဈေးနှုန်းတည်ငြိမ်ခဲ့ပြီး၊ ပြောင်းဖူးစေ့ရှမ်း တစ်ပိဿာ ၄၂၆ ကျပ် (တစ်တန် ၂၆၀၈၇၈ ကျပ်)၊ ပြောင်း ဖူးစေ့ ဗမာ တစ်ပိဿာ ၄၁၇ ကျပ် (တစ်တန် ၂၅၅၃၆၆ ကျပ်)နဲ့  ပြောင်းစီပီတစ်ပိဿာ ၄၃၅ ကျပ် (တစ်တန် ၂၆၆၃၉၀ ကျပ်) ဈေးနှုန်းနဲ့ တည်ငြိမ်စွာ ရောင်းဝယ်မှုရှိခဲ့ပြီး၊ တစ်ရက်ကို ပြောင်းမျိုးစုံ အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြောင်းသီးနှံကို မန္တလေးကုန်စည်ဒိုင်မှာ တစ်နှစ်ပတ်လုံး ရောင်းဝယ်မှုရှိခဲ့ပြီး၊ ၂၀၁၃ မေလရဲ့ နောက်ဆုံး ပတ်မှာတော့ ပြောင်းဖူးစေ့ရှမ်းတစ်ပိဿာ ၄၉၆ ကျပ် (တစ်တန် ၃၀၃၇၄၅ ကျပ်)၊ ပြောင်းဖူးစေ့ ဗမာ ၄၆၃ ကျပ်၊ (တစ်တန် ၂၈၃၅၃၇ ကျပ်)၊ ပြောင်းဖူးစေ့ စီပီ တစ်ပိဿာ ၅၀၄ ကျပ်နဲ့ (တစ်တန် ၃၀၈၆၄၁ ကျပ်)ရှိခဲ့ပြီး၊ နေ့စဉ်အိတ် ၁၀၀၀ မှ ၁၂၀၀ ဝန်းကျင် အထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဧပြီလနဲ့ နှိုင်းယှဉ်ကြည့်ပါက ပြောင်း သီးနှံရဲ့ တစ်ပိဿာဈေးနှုန်းများဟာ ၅၅ ကျပ်မှ ၇၅ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်ပြီး ရောင်းဝယ်မှုရှိနေကြောင်းနှင့် နှစ်ပတ်လည်ရောင်းဝယ်မှု အခြေအနေကြောင့် ဝယ် လက်လှောင်လက်တင်ပို့လက်များအတွက်အဆင်ပြေတဲ့ သီးနှံဖြစ်ကြောင်း၊ ကုန် သွယ် ရောင်းဝယ်မှု အသိုင်းအဝန်းမှ သိရပါတယ်။ လွင်အေး - မန္တလေး