Main menu

Background

ရွှေဖီမိုးလွတ် လက်ဖက်ဈေးကျနေ

Wed, 06/05/2013 - 15:22 -- ydnar

ရှမ်းပြည်နယ်သို့ လက်ဖက်ခူး ထွက် နေသောနွားထိုးကြီးမြို့နယ်မှ လက်ဖက်ခူးသမားအများစုမှာလက်ဖက် ခူးပြန်နေ ရ ပြီဖြစ်ကြောင်း သိရသည်။ ရွှေဖီမိုးလွတ် လက်ဖက်ပင်များမှာ ရာသီဥတုကြောင့် မနု၍လက်ဖက်ခူး ရေး အခက်တွေ့ရသည်ဆို၏။ ယမန် နှစ်ကရှမ်းပြည်နယ်တွင် မိုးခေါင်ခဲ့ ၍လက်ဖက်ပင်တို့ အညွန့် မဝေနိုင် ဟုဆို၏။ ထို့ကြောင့် လက်ဖက်ခူး သမားများမှာ ခရီးစရိတ်၊ စားစရိတ်ကုန် နေသည်ဟုဆို သည်။ နွားထိုးကြီးနယ်မှ ရှမ်းပြည် မြောက်ပိုင်းသို့ လက်ဖက်ခူးထွက်သူ (၅၀၀၀) အထက်ရှိနေသည်။ ရွှေဖီမိုး လွတ်လက်ဖက်ရွက်ကို တစ်လကြာခူး ပြီးနောက် ပြန်လာကြပြီဖြစ်ရာ လက် ဖက်မရဘဲစားစရိတ်ရှုံးခဲ့ကြောင်း၊ လက် ဖက်ဈေးကလည်း ၄၀၀၀ အထက်မရှိ ၍ဈေးမရကြကြောင်း လက်ဖက်ခူး သမား တို့ကဆိုသည်။ဌေးမြင့်မောင်