Main menu

Background

ခပ်အေးအေးသာ အရောင်းအဝယ်ဖြစ်တဲ့ ဟိုပုံးနနွင်းဈေးကွက်

Wed, 06/05/2013 - 15:24 -- ydnar

ဒီတစ်ပတ်မှာလည်းရှမ်းနနွင်းက ခပ်ပါးပါးသာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ဟိုပုံးနနွင်းကို မူဆယ်ဝယ်လက်တွေ ဝယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မူဆယ် ဝယ်လက်တွေကထွက်ပေါက် တစ်ပေါက်ထဲရှိတာကြောင့်သူတို့ ဆီမှာ များနေရင် ဈေးချပြီး ဝယ်လေ့ရှိပါတယ်။ တောင်သူ တွေ ပွဲရုံတွေကလည်း မတန်တဆဈေးနှိမ်ပြီး ဝယ်တာကြောင့် သိပ်မရောင်းကြပါဘူး။ ငွေလိုပြီး၊ မရောင်းမဖြစ်သူတွေသာ အနည်းငယ် ထုတ်ရောင်းကြပါတယ်။ နနွင်းဟာ ခပ်အေး အေးသာအရောင်းအဝယ်ဖြစ်တာကြောင့်ဟိုပုံးမှာ တောင်သူ၊ ပွဲရုံလက်ကျန် ပိဿာချိန် ၃ - ၄ သိန်းခန့်ကျန်နေသေး တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ရေကြောင်းလိုင်း က တစ်ဆင့်သွားဖို့အတွက် ရန်ကုန်ဝယ်လက်တွေဝယ်နေ တာကြောင့်ပိဿာချိန် ၅ သောင်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ တစ်ပိဿာပေါက်ဈေးက အနိမ့် ဆုံး ၇၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၀၀ ကျပ်ဈေး ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ပြီးခဲ့တဲ့ လလိုပဲ ပြည်တွင်းသုံး အတွက်သာ ဝယ်ယူမှုရှိနေပါတယ်။ ပြည်ပတင်ပို့မှု မရှိပေမယ့် လှောင်လက်တွေကတော့ လှောင်ဖို့အတွက် ဝယ်ယူနေကြပါ တယ်။ ဒီတစ်ပတ်အောင်ပန်းမှာ ဖြစ်ပေါ် နေတဲ့ နနွင်းဈေးက တော့ အနိမ့်ဆုံး ၆၀၀ ကျပ်မှ အမြင့်ဆုံး ၁၁၀၀ ကျပ်ဈေး ရှိပါတယ်။                        ဧဧခိုင် - တောင်ကြီး