Main menu

Background

ရှိတော့ ရှိတယ် ရှားတယ်ဆိုတဲ့ မန်းမြေထောက်ပဲနဲ့ နိုင်လွန်ပဲဈေးကွက်

Wed, 06/05/2013 - 15:25 -- ydnar

မန္တလေးမြို့ ပဲ၊ ပြောင်း၊ နှမ်းကုန် စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း)ကိုဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက်စတဲ့ ဒေသများမှ မြေထောက် ပဲများ ဝင်ရောက်ရောင်းဝယ်မှု ရှိပေမယ့် ကျန်ခဲ့တဲ့ လလောက်အရောင်းအဝယ် မဖြစ်ဘဲ အရောင်းအဝယ်အေးလျက် ရှိ ပါတယ်။ အိန္ဒိယဝယ်လက်ရှိပြီး၊ ရန်ကုန် ဝယ်လက်အဝယ်လိုက်ပေမယ့် ပစ္စည်း ပြတ်သလောက် နီးပါးရှိပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေအထား က မြေထောက်ပဲတစ်ပိဿာ ၁၇၅၉ ကျပ် (တစ်တန် ၁၀၇၇၁၉၄ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၃၀၀ မှ  ၅၀၀ ကြား အရောင်းအဝယ် ဖြစ်ကြောင်း၊ ကုန်စည်ဒိုင် သတင်းရပ်ကွက်မှ သိရပါ တယ်။ မြေထောက်ပဲ ပြည်ပအဝယ်ရှိ သလို မကွေး၊ မုံရွာ၊ ဒေသများမှ ဝင် ရောက်လာတဲ့ နိုင်လွန်ပဲလည်း ပြည်ပ (အိန္ဒိယ)ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် ဆွဲအား ကောင်းပေမယ့် လိုအပ် သလောက်တော့ မရောင်းချနိုင်ပါ ဘူး။ ဈေးကွက်ရှိပေမယ့် ပစ္စည်းက ရှားပါး ပါတယ်။ သင့်တော်တဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်ပေမယ့် နှစ်စဉ်နှစ် တိုင်းမှာ ပြည်ပအဆွဲမရှိတာကြောင့် စိုက်ပျိုးမှု၊ သိုလှောင်ထားရှိမှုမရှိပါဘူး။ ရောက်၊ ဝယ်၊ ရောင်းစနစ်နဲ့ ခပ်သွက် သွက် ရောင်းဝယ်မှုပြုကြပါတယ်။ ယခု လက်ရှိ ရောင်းဝယ်တဲ့ ဈေးနှုန်းက နိုင် လွန်ပဲတစ်ပိဿာ ၁၁၈၁ ကျပ်(တစ်တန် ၇၂၃၂၃၃ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၂၅၀ မှ ၄၀၀ အတွင်းသာ အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ ယခုနှစ်မှစပြီး၊ ပြည်ပဈေးကွက်ကို ထိုးဖောက် ဝင်ရောက်တဲ့ အတွက် ကျွန်တော်တို့ ကုန်သည်တွေလည်း မလှောင်ရဲသလို ပဲတောင်သူများက လည်း စိုက်ဧက များများစားစားမရှိ တာကြောင့် ပစ္စည်းရှားပါးရတာဖြစ် ကြောင်း  ကုန်သည်တစ်ဦးမှ ပြောကြား ပါတယ်။      စိုးအောင် - မန္တလေး