Main menu

Background

ယွမ်ငွေကြေးတန်ဖိုး ဆက်လက် မြင့်တက်နိုင်

Wed, 06/12/2013 - 11:13 -- ydnar

လာမဲ့လအနည်းငယ်အတွင်းမှာ ယွမ်ငွေကြေးတန်ဖိုးက ဆက်လက်မြင့် တက်မှာဖြစ်တဲ့အတွက် အမေရိကန် ဒေါ်လာနဲ့ဖလှယ်တဲ့အခါ ယွမ်ငွေတန် ဖိုးက တစ်ဒေါ်လာကို ၆ ဒသမ ၁ ယွမ် နှုန်းအောက်ရောက် ရှိနိုင်ကြောင်း DBS ဘဏ်က လေ့လာဆန်းစစ်ရေးမှူးတစ်ဦး ကပြောပါတယ်။ ဒေါ်လာအရောင်းပါး နေချိန်မှာ ယွမ်ငွေကြေးတန်ဖိုးက လွန် ခဲ့တဲ့ရက်အနည်းငယ်အတွင်း ထိပ်ဆုံးကို ရောက်လာကြောင်း ရှန်ဟဲရှိ DBS ဘဏ်ရဲ့ လေ့လာဆန်းစစ်ရေးမှူးကပြော ပါတယ်။

တရုတ်ဗဟိုဘဏ်ဖြစ်တဲ့ တရုတ် ပြည်သူ့ဘဏ်ကဒေါ်လာနဲ့ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၆ ဒသမ ၁၇၉၆ ယွမ် နှုန်းနဲ့ဗဟိုဘဏ်နှုန်းထားအဖြစ်သတ် မှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မေ ၃၁ ရက် နေ့က လက်ငင်းဈေးကွက်မှာ ယွမ်ငွေ တန်ဖိုးကတစ်ဒေါ်လာကို ၆ ဒသမ ၁၃၄၅ ယွမ်နှုန်းရှိခဲ့ပါတယ်။ ယခုအချိန်မှာ ဂျပန်ယန်းနဲ့တရုတ် ယွမ်ငွေကိုတိုက်ရိုက်လဲခွင့်ပြုခဲ့တာ ၁၂ လမြောက်ရှိခဲ့ပါပြီ။ ယွမ်ငွေရဲ့တန်ဖိုးက ဂျပန်ယန်းနဲ့ဖလှယ်တဲ့အခါတန်ဖိုးမြင့် တက်ခဲ့တာ ယခုနှစ်အတွင်းမှာ ၂၀ ရာ ခိုင်နှုန်းရှိခဲ့ပါတယ်။ "ဈေးနှုန်းအရ အားသာချက်တွေ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့အတွက် ဒီ ကနေ့အချိန်မှာဂျပန်ကအမှာစာတွေကို အာမခံပေးဖို့ကျွန်တော်တို့မှာ အခက် အခဲတွေ့နေရပါတယ်" လို့ ဟန်ချောင်း အခြေစိုက်ပလတ်စတစ် ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ယွမ်ဟောင်တောင်က ပြောပါတယ်။ သူ့ထွက်ကုန်ရဲ့ ၄၀ ရာ ခိုင်နှုန်းကိုဂျပန်နိုင်ငံကို တင်ပို့နေသူဖြစ် ပါတယ်။ ဒါပေမဲ့ ယွမ်ငွေကြေးကို ကမ္ဘာ့သုံး အဖြစ်သွားဖို့ပြင်နေတဲ့အတွက် မူဝါဒ ရေးဆွဲသူတွေက ကုမ္ပဏီတွေကိုကူညီဖို့ နည်းလမ်းတွေကို ရှာဖွေ ဖော်ထုတ် ရတော့မှာ ဖြစ်ပါတယ်။