တမူးကူးသန်းရောင်းဝယ်ရေး စခန်းမှ ITC ကတ်ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၁ ရက်နေ့မှစတင် ဆောင် ရွက်ခွင့်ပေးခဲ့ရာမှာ ဒီဇင်ဘာလတွင် ကျပ် ၄၅ သန်း ၂၀၁၃ ခုနှစ် ဇန်နဝါ ရီလတွင် ကျပ် ၁၁၆ သန်း၊ ဖေဖော် ဝါရီလတွင်ကျပ် ၁၄၇ သန်း၊ မတ်လ တွင်ကျပ် ၉၅ သန်း၊ ဧပြီလတွင် ကျပ် ၄၆ သန်း၊ မေလတွင်ကျပ် ၇၂ သန်း ထိဆောင်ရွက်နိုင်ခဲ့ပါတယ်။ တမူးကူးသန်း ရောင်းဝယ်ရေးစခန်းမှ စတင်ခွင့်ပြုချိန်မှ ယနေ့ထိ ITC ကတ် ၆၈ ကတ်၊ ပို့ကုန် ၃၈ ဒသမ ၂၃၉ ကျပ်သန်း၊ သွင်းကုန် ၄၈၉ ဒသမ ၉၆၃ ကျပ်သန်းနဲ့ ကုန် သွယ်မှုပမာဏ ၅၂၈ ဒသမ ၂၀၂ ကျပ်သန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်ရေးစခန်းများမှ ITC ကတ်ထုတ်ပေးနိုင်မှုကတော့မူဆယ် မှာ ၁၄၈ ကတ်၊ မြဝတီမှာ ၄၁ ကတ်၊ တာချီလိတ်မှာ ၆၈ ကတ်၊ လွယ်ဂျယ်မှာ ၁၆ ကတ်၊ ကန်ပိုက်တီးမှာ ၃၅ ကတ်နဲ့ မြိတ်မှာ ၁ ကတ်အသီးသီး ဆောင်ရွက် ပြီးဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး စခန်းအားလုံးမှ ITC ကတ် ၃၇၉ ကတ်နဲ့ ပို့ကုန်ကျပ်သန်းပေါင်း ၂၃၅ ဒသမ ၃၃၉၊ သွင်းကုန်ကျပ်သန်းပေါင်း ၁၁၃၆ ဒသမ ၃၂၈၊ ကုန်သွယ်မှု ပမာဏကျပ် ၁၃၇၁ဒသမ ၆၆၈ သန်း ဖိုးဆောင်ရွက်ထားနိုင်ပြီးဖြစ်ပါတယ်။Source: ကသရ (တမူး) KMT (DCCA)
Background