Main menu

Background

ပထမအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၁)ကြိမ်မြောက် ကူမင်းပို့ကုန်၊ သွင်းကုန် ကုန်စည်ပြပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ဦးဆောင်သော မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များ ပါဝင်ဆင်နွှဲ

Wed, 06/12/2013 - 14:46 -- ydnar

ပထမ အကြိမ် တရုတ်-တောင် အာရှ ကုန်စည်ပြပွဲနှင့် (၂၁) ကြိမ် မြောက် ကူမင်း ပို့ကုန်၊ သွင်းကုန်ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင်၂၀၁၃ ခုနှစ်၊ဇွန်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကား သိုက် မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲများ ဖွင့်ပွဲအခမ်း အနားအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ စီးပွား ရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်၍ သမဝါယမဦးစီးဌာန မှ ကိုယ်စားလှယ် များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများနှင့်အသင်း ဝင် ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း ၂၅၀ ကျော်က အဆိုပါကုန်စည်ပြပွဲတွင်ပါဝင် ဆင်နွှဲခဲ့ ကြကြောင်းသတင်းရရှိပါသည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ၊ နိုင်ငံတော် ကောင်စီ၊ ဒုတိယ ဝန်ကြီးချုပ် မစ္စတာမာခိုင်နှင့် ဖိတ်ကြားထားသည့် အဆိုပါ ဒေသတွင်း နိုင်ငံများမှ သမ္မတ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အတူ တက်ရောက် ခဲ့ပြီး၊ပြပွဲဖွင့်ပွဲအထိမ်းအမှတ် မီးလုံးများကို ပြိုင်တူထွန်းညှိ ဖွင့်လှစ် ပေးခဲ့ကြပြီးေ နာက် ပြခန်း များ အတွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၃ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် အဆိုပါပြပွဲ၏ အထူးဧည့်ခန်းမ၌  တရုတ်ကွန်မြူနစ် ပါတီ ယူနန်ပြည်နယ် ကော်မတီအထွေ ထွေအတွင်းရေးမှူး မစ္စတာချင်းကွမ်း ယုံ နှင့် တွေ့ဆုံခဲ့ပြီး၊နှစ်နိုင်ငံကုန်သွယ်မှု တိုး မြှင့်ရေး၊ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေး၊ နှစ်ဖက်နယ်စပ်ကုန် သွယ်ရေးကို အခြေခံ၍ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးကိုပိုမိုတိုးမြှင့် ဆောင် ရွက် သွားရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်များ တွင် ရင်းနှီးမြှုပ်နှံမှု ပြုရေးတို့နှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ညနေ ၁ရး၀၀ နာရီအချိန်တွင် ကူမင်းမြို့ Golden Dr-agon Hotel ၌ယူနန်ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာကောင်ရှုရွှင် နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံကုန်သွယ်မှု တိုး မြှင့်ရေး၊ ကုန်သွယ်မှု လျင်မြန်ေ ချာမွေ့ စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထူး စီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်ေ ရးနှင့် နှစ်နိုင်ငံ ဌာနဆိုင် ရာနှင့် ကုန်သည်လုပ်ငန်းရှင်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ ကို ဆွေး နွေးခဲ့ကြပါသည်။ ဆက်လက်၍ ၁၈း၀၀ နာရီ အချိန် တွင် တယ်ဟုန်ပြည်နယ်ခွဲ ဒုတိယပါတီ အတွင်းရေးမှူး မစ္စတာဝမ်းကျိချမ်းနှင့် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာစူးဟုန် ထောင် နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စများ ကို ဆွေးနွေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၀၈း၀၀ နာရီအချိန်တွင် လင်ချမ်း မြို့ ပါတီအတွင်းရေးမှူး မစ္စလီရှောင်ဖင်း နှင့်မြို့တော်ဝန်မစ္စတာဆိုဖေးတို့ဦးဆောင် သည့်အဖွဲ့အားလက်ခံတွေ့ဆုံ၍ နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ကုန်သွယ်မှုဆောင်ရွက်နိုင်မည့် အခြေ အနေ များကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍၁၀း၀၀ နာရီ အချိန် တွင်လော်စစ်ဝမ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စင်တာသို့  သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး အဆိုပါစင်တာမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကုန်သွယ်မှုဆိုင် ရာကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာ့ ပို့ကုန်ပစ္စည်းများကို  UMFCCI မှ မြန်မာပြခန်းဆောင် (၁)ခန်း၊ မြန်မာ နိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ (၅)ခန်း၊ သမဝါယမဦးစီးဌာနမှ (၅)ခန်း၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းမှ (၄)ခန်း၊ Yathar Cho Co., Ltd.  မှ (၁)ခန်း၊ Golden Key Coffee Mix မှ (၁)ခန်း၊ Asia Dragon Handicraft မှ (၁)ခန်း၊ Sin Phyu Daw & Htay Thit Sar  မှ (၁)ခန်း၊ Thiri Myanmar Arts & Crafts မှ (၁)ခန်း၊ မြန်မာနိုင်ငံကျောက်မျက်လုပ် ငန်းရှင်များအသင်းမှ (၁၀)ခန်း စုစု ပေါင်းပြခန်း (၃၀)ခန်းတွင်ပါဝင် ပြသခဲ့ ကြောင်း၊ မြန်မာကုန်သည် လုပ်ငန်း ရှင်များမှ မြန်မာ့ပို့ကုန်ပစ္စည်းများဖြစ် သည့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် ကျောက် မျက် ရတနာပစ္စည်းများကိုခန့်ငြားထယ် ဝါစွာ ပြသခဲ့ကြကြောင်း သတင်းရရှိပါ သည်။                      ကိုခိုင်