Main menu

Background

နနွင်းစိုက်ချိန်ဖြစ်လို့ အရောင်းအဝယ်အေး

Wed, 06/12/2013 - 15:48 -- ydnar

ပြည်ပဝယ်လက်တွေက လိုအပ်ရင်ဝယ်လိုက်၊ များနေရင် နားလိုက်နဲ့ ရှမ်းနနွင်းက အရောင်းအဝယ်နည်း နည်း ဖြစ်လိုက်၊ ပြန်ရပ်သွားလိုက်နဲ့ ဖြစ်နေပါတယ်။ အခုတော့ မိုးလည်း အတော်ရွာလာပြီး မြေအစိုဓာတ်လည်း ရပြီဖြစ်တာကြောင့် နနွင်းကိုပြန်စိုက်နေကြပါတယ်။ နနွင်းက ချင်းလိုမျိုး တစ်နှစ် နှစ်သီးစားမဟုတ်ဘဲ၊ တစ်သီးသာ စားရတဲ့ သီးနှံဖြစ်ပြီး လ အတော်ကြာစိုက်ရပါတယ်။ အခုစိုက်တဲ့ နနွင်းတွေကို နောက် နှစ် ဖေဖော်ဝါရီလလောက် မှသာပြန်ပြီး ဈေးကွက်ဝင်တော့မှာ ဖြစ်ပါတယ်။ ပြည်ပဝယ်လက်မရှိပေမဲ့ ပြည်တွင်းသုံးအတွက် တော့ ဝယ်ယူမှုရှိနေ တာကြောင့် တစ်ပတ်ကို ပိဿာချိန် ၃ သောင်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ နနွင်းအရောင်း အဝယ် သိပ်မကောင်းတာကြောင့် နနွင်းတောင်သူတွေက လောလောဆယ်နနွင်းအစားအခြားကုန်စိမ်းတွေကို အရောင်း အဝယ်လုပ်နေတယ်လို့လည်း သိရပါတယ်။

ဒီတစ်ပတ် နနွင်းပေါက်ဈေးကတော့ ပင်လောင်းနနွင်း က ၅၅၀ ကျပ်၊ ၆၀၀ ကျပ်၊ ပင်းတယနနွင်းက ၇၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်-တောင်ကြီး