Main menu

Background

ဒေသတွင်း ပဲခွဲစက်များသာ အဝယ်ရှိတဲ့ မုံရွာကုလားပဲဈေးကွက်

Thu, 06/27/2013 - 10:14 -- ydnar

မုံရွာစက်မှုဇုန်မှာ ပဲခွဲစက် ၃၁ စက်၊ ကြာဇံစက် ၁၈ စက်ရှိပြီး၊ ထိုင်ဝမ် ကုလားပဲကို ခွဲခြမ်းအဖြစ် ပဲခွဲစက်များက အသုံးပြုတာများပါတယ်။ ပဲခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်များက နေ့စဉ် အသုံးပြုမှု ရှိနေတာကြောင့် မုံရွာကုန်စည်ဒိုင်မှာ ထိုင်ဝမ်ကုလားပဲနဲ့ ကုလားပဲဖြူလုံးကြီး V2 တို့ နေ့စဉ်ပုံမှန် အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်း အဝယ်ဖြစ်နေပါတယ်။ ဇွန်လအတွင်း ကုလားပဲဖြူလုံးကြီး V2 တစ်တင်းကို ၁၈၀၀၀ ကျပ်ဝန်းကျင်၊ ထိုင်ဝမ်ကုလား ပဲ တစ်တင်းကို ၁၇၀၀၀ ကျပ်ဝန်းကျင် ဈေးပေါက်ပြီး၊ ဒေသတွင်းဈေးကွက်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။       သန်းသန်းတင် - မုံရွာ