Main menu

Background

ဇွန်လတတိယပတ် အောင်ပန်းကုန်စည်ဒိုင်မှာ ပဲ၊ ပြောင်းလက်ကျန်နည်းလို့ အရောင်းအဝယ်ကျဲပေမဲ့ စားဖိုဆောင်သုံးပစ္စည်းများ အရောင်းအဝယ်ဖြစ်

Thu, 06/27/2013 - 10:29 -- ydnar

ရှမ်းပြည်နယ်တောင်ပိုင်းက အောင်ပန်းကုန်စည်ဒိုင်မှာ ဇွန်လတတိယပတ် အတွင်း ပဲစင်းငုံနဲ့ အစေ့ထုတ်ပြောင်း ကအဝင်နည်းသလို ပွဲရုံလက်ကျန်လည်း သိပ် မရှိတာကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်လျက်ရှိပြီး အရောင်း အဝယ်ပါးခဲ့ပေမဲ့ မီးဖိုဆောင်သုံး ပစ္စည်းများကတော့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်း ကုန်စည်ဒိုင်မှာ ဇွန် ၁၄ ရက်မှ ၂၀ ရက်ထိ သီးနှံအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက်သွန်ဖြူတစ်ပိဿာ ၆၀၀ ကျပ်မှ ၁၆၅၀ ကျပ်၊ ပဲပုပ်တစ်ပိဿာ ၁၁၅၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ ၁၀၇၀ ကျပ်၊ ချင်းအစိုတစ်ပိဿာ ၃၃၀ ကျပ်မှ ၄၅၀ ကျပ်၊ နနွင်းတစ်ပိဿာ ၁၁၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ အာလူးတစ်ပိဿာ ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်တို့ဖြစ်ကြပြီး၊ ဇွန် ၁၄ ရက်မှ ၂၀ ရက်ထိ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အခြေအနေ များကတော့ ကြက်သွန်ဖြူ ၃၁၈ တန်၊ ပဲပုပ် ၂၁ တန်၊ ပန်းနှမ်း ၉ တန်၊ ချင်းအစို ၂၃၀ တန်၊ နနွင်း ၉၃ တန်၊ ချင်းခြောက် ၆၅ တန်နဲ့ အာလူး ၄၁၂ တန်၊ စုစုပေါင်း  ၁၁၄၈ တန်ဖြစ်ပြီး၊ ကြက်သွန်ဖြူနဲ့ အာလူးကတော့ ဈေးကွက်ကိုဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။             မင်းအောင်-တောင်ကြီး