မောင်တောကူးသန်းရောင်းဝယ်ရေးစခန်းမှ ၂၀၁၂ ခုနှစ်အတွင်း တင်ပို့နိုင်ခဲ့ ခြင်းမရှိတဲ့ လဲမှို့ကို ၂၀၁၃ ခုနှစ်မေလမှာ ကန်ဒေါ်လာ ၂၅၅၀ တန်ဖိုး၊ တန်ချိန် အားဖြင့် ၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ၁၅၃၃ ဒေါ်လာတန်ဖိုးရှိ လဲမှို့ ၂ တန်ကျော်ကို တင်ပို့ခဲ့ပြီးနောက်ပိုင်း တင်ပို့မှုမရှိခဲ့ရာမှ ယခုအခါပျောက်နေ တဲ့ အမယ်ကို ပြန်လည်တင်ပို့လာနိုင်တာဖြစ်ပါတယ်။
ယခုတင်ပို့နေတဲ့ လဲမှို့တွေဟာ မောင်တောခရိုင်မှထွက်ရှိတာဖြစ်ပါတယ်။ ဘူးသီးတောင်ဒေသမှ လည်းကောင်း၊ မောင်တောဒေသမှလည်းကောင်း ထွက်ရှိတဲ့ လဲမှို့တွေကို ဝယ်ယူစုဆောင်းပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့တာဖြစ်ပါတယ်။ ဒီ လဲမှို့ တွေဟာ အိမ်ခြံမှထွက်တဲ့ လဲမှို့တွေဖြစ်ပြီး စိုက်ခင်းနဲ့စနစ်တကျစိုက်ပျိုးတာ မဟုတ် ဘူးလို့ သိရပါတယ်။ တစ်ဖက်နိုင်ငံမှလည်း ဝယ်လိုအားရှိသဖြင့် ကုန်သည်များမှ လဲမှို့များ ဝယ်ယူ စုဆောင်းလျက်ရှိပြီး ဆက်လက်တင်ပို့သွားနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ကသရ (မတ)