Main menu

Background

ယခုနှစ် ရှမ်းနနွင်း အရောင်းအေး

Mon, 07/01/2013 - 11:27 -- ydnar

ဒီနှစ်မှာ ရှမ်းနနွင်းက ချင်းလောက်အရောင်းမသွက်ပေ မယ့် ပုံမှန်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ပ ဝယ် လိုအား သိပ်မကောင်းပေမယ့် မနှစ်ကထက်တော့ ဖြုန်းအား ကောင်းနေတယ်လို့ သိရပါတယ်။ လက်ကျန် နနွင်းတွေက လည်း သောင်းဂဏန်းခန့် ကျန်နေသေးတယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ပြည်တွင်း ဝယ်လက်တွေကဘဲ ဝယ်ယူ မှု ရှိနေပါတယ်။ ဒါပေမယ့် စစ်တွေဝယ်လက်တွေကလည်း ချင်းလိုပဲ ဝယ်ယူ နေကြပါ တယ်။ အများဆုံး ဝယ်ယူနေတာ ကတော့ ရန်ကုန်၊ မုံရွာ စစ်တွေ ဝယ်လက်တွေလို့ သိရပါ တယ်။

တစ်ပတ်အတွင်း ပိဿာချိန် ၅ သောင်း အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာထွက်တဲ့ နနွင်းတွေမှာ ပင်လောင်းနနွင်းကတော့ အောင်ပန်း၊ ဟိုပုံး ဆင်တောင်၊ ပင်းတယ၊ နနွင်းတွေလို စနစ်တကျစိုက်ပျိုးတာ မျိုးမဟုတ်ဘဲ သဘာဝအတိုင်း စိုက်တာကြောင့် အရည် အသွေးက ညံ့ပါတယ်။ ခြင်ဆေးခွေထုတ်ယူဖို့ရယ် ပရဆေး တွေ ဖော်စပ်ဖို့ အတွက်ရယ် ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ မန္တလေး၊ နေပြည်တော်နဲ့ အနီးအနားပတ်ဝန်း ကျင်က ဈေး ပတ်သမားတွေက နနွင်းမှုန့်ကြိတ်ဖို့အတွက် တစ်ခါကုန်မှ တစ်ခါဝယ်ယူကြပြီး တစ်ခါဝယ်ယူရင်လည်း ပိဿာချိန် ၁၀၀-၂၀၀ ခန့်သာဝယ်ယူလေ့ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးတွေက ပင်လောင်း နနွင်း(နနွင်းခေါင်း)က ၄၀၀ ကျပ် - ၅၀၀ ကျပ်၊ အင်းစက ၆၀၀ ကျပ်၊ အောင်ပန်းနနွင်းက ၈၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းက ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင် - တောင်ကြီး