Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပြောင်းဈေးစွာပြီး မတ်ပဲ၊ ပဲစင်းငုံနီနှင့် ကုလားပဲဈေးကျလာ

Mon, 07/01/2013 - 14:03 -- ydnar

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းနဲ့ ပြောင်းကို တရုတ် အဆွဲသွက်လို့ ဈေးစွာလာသလို မတ်ပဲနှင့် ပဲစင်းငုံနီကတော့ အိတ်စပို့ အဆွဲအေးလို့ ဈေးကျလာကြောင်း သိရပါတယ်။ ဒါ့အပြင်ဈေးကွက် အတွင်းမှာ အရောင်းအဝယ်ပုံမှန်နဲ့ ဈေးကောင်းရခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးနဲ့ ကုလားပဲကတော့ ပြည်ပအဆွဲအေးနေတဲ့အပြင် မြို့ခံပဲခွဲ စက်တွေကလည်း ဝယ်လိုအားလျော့သွားတာကြောင့် ဈေးကအကျ ဘက်သို့ ဦးတည်နေကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။ ပဲတီ စိမ်းကို တရုတ်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာမြင့်လာပြီး တစ်ပိဿာကို ၁၅၄၇ ကျပ် တစ်တန်ကို ၉၄၇၃၆၇ ကျပ်)ဈေးနဲ့တစ် ရက်ကို အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲကတော့ ဒီရက်ပိုင်းမှာ ရန်ကုန်အဆွဲအေးသလို ပဲခွဲစက်တွေကလည်း အဝယ်ပါးတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၁၀ ကျပ်(တစ်တန်ကို ၄၉၆၀၃၅ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီတစ်ပတ်ပဲစင်းငုံနီဈေးကွက်မှာ အိတ်စပို့အတွက် ဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်က အိန္ဒိယဈေးကွက်ရဲ့ ဝယ်လိုအားအခြေ အနေအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကကျ ရိပ်သန်းလာကြောင်း ပွဲရုံရပ်ကွက်ကဆိုပါ တယ်။ ပဲလက်ကျန်ကလည်း နည်းနည်းလျော့လာတယ်။ လှောင် လက်သမားတွေ ကလည်း ဈေးကွက် အခြေအနေကို ကြည့်ပြီး ထုတ် ရောင်းမှုတွေရှိလာလို့ အခုလိုအရောင်းအဝယ်လေးတွေဖြစ်နေတာ လို့ ပဲကုန်သည်တစ်ဦး ကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်း ငုံနီတစ်ပိဿာ ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ် ရက်ကိုအိတ် ၈၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ပြည်ပဝယ်လိုအားအေး တာကြောင့် ဈေးကွက်မှာ ဈေးတွေကျလာပြီး အရောင်းအဝယ် လည်းပါးခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ကုလားပဲ ဖြူလုံးကြီး တစ်ပိဿာ ၉၁၇ ကျပ်(တစ်တန်ကို ၅၆၁၅၆၁ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်) တစ်ပိဿာ ၉၀၇ ကျပ်ဈေးနဲ့ နှစ်မျိုးပေါင်း အိတ် ၈၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြောင်းကို တရုတ်ဝယ် လက်အဝယ်သွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာ ပြီးတစ်ပိဿာကို ၅၂၈ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများခဲ့သလို ဗမာပြောင်းကိုလည်း တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ ပုံမှန်အရောင်း အဝယ်ဖြစ်နေတယ်လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။