Main menu

Background

အရောင်းသွက် လှောင်လက်ဆွဲလို့ ဈေးနှုန်းမြင့်လာတဲ့ ကြက်သွန်နီ

Mon, 07/08/2013 - 12:48 -- ydnar

ပခုက္ကူဈေးကွက်ထဲ ပေါက်မြို့နယ် ကြက်သွန်နီအဝင် တွေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာကို ပိဿာချိန် ၉ သိန်း ၇ သောင်း ၃ ထောင်အဝင်ရှိတာကို တွေ့ရပါတယ်။ ဈေးတွေအနေနဲ့ တစ်ပိဿာ ထိပ်စအမြင့်ဆုံး ၃၉၀ ကျပ်၊ အလတ်စ အမြင့်ဆုံး ၃၅၀ ကျပ်၊ အောက်စအမြင့်ဆုံး ၃၀၀ ကျပ် တစ်ပတ်လည်မှာရှိနေခဲ့ပါ တယ်။ နေ့စဉ်အဝင်တွေ အနေ နဲ့ ပိဿာချိန် ၇ သောင်းအထိ အဝင်အများဆုံးနဲ့ ပိဿာချိန် ၇ ထောင်လောက်သာအဝင်ရှိ တဲ့ နေ့တွေလဲရှိပါ တယ်။ ဇွန်လ အတွင်း အမြင့်ဆုံးတစ်ပိဿာ ၃၉၀ ကျပ်လို့ ဆိုရပေမယ့် ၃၇၀ ကျပ်လောက်နဲ့ နေ့စဉ် နီးပါး အရောင်းအဝယ်ဖြစ်တာ ပါ။

အခုလပိုင်း ပထမပတ်ရဲ့ ကြက်သွန်အဝင်တွေကို ပြန် ကြည့်ရင် ဇူလိုင် ၂ ၇က်က အဝင်ပိဿာချိန် တစ်သိန်း ငါးထောင်၊ ၃ ရက်က အဝင်ပိဿာချိန် တစ်သောင်းခြောက် ထောင်၊ ၄ ရက်နေ့ အဝင်ပိဿာချိန် ခြောက်သောင်းနဲ့ ၃ ရက်လောက်အတွင်းမှာကို အဝင်ပိဿာချိန် ၂ သိန်းနီးပါးရှိ တာကို တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း ထိပ်စ တစ် ပိဿာ ၃၈၀ ကျပ် - ၃၉၀ ကျပ် - ၄၁၅ ကျပ်၊ အလတ်စ တစ်ပိဿာ ၃၅၀ ကျပ် - ၄၀၀ ကျပ်၊ အောက်စတစ်ပိဿာ ၃၀၀ ကျပ် - ၃၅၀ ကျပ်ဆိုပြီး ဈေးအနည်းငယ် မြောက်လာ တာကို တွေ့ရပါတယ်။ ပခုက္ကူကနေအထွက်စာရင်းကို ပြန် ကြည့်ရင် ဇွန်လအတွင်း ရန်ကုန်ကို ၂၁၈၁၉၀ ပိဿာ၊ မန္တလေးကို ၁၂၉၅၀ ပိဿာ ပဲရှိပါတယ်။ နယ်ကပခုက္ကူကို ကြက်သွန် အဝင်တက်လာခြင်းဟာ ပခုက္ကူမှာ ကျင်းပပြုလုပ် နေတဲ့ သီဟိုဠ်ရှင်ဘုရားပွဲတော်ကိုလာရင်း မိမိစိုက်ခင်းထွက် ကြက်သွန်ရောင်းရင်း ဘုရားပွဲတော်မှာ ဈေးဝယ်ကြ၊ ပွဲကြည့် ကြ ဆိုတာတွေပါ အပါအဝင်ပါ။ ဈေးအနည်းငယ်မြင့်လာတဲ့ အကြောင်းတရားကတော့ ဧပြီလမှာ ပေါ်ခဲ့တဲ့ ကြက်သွန်နီ များအနေနဲ့ အရည်စစ်ပြီး လှောင်ဖို့ကောင်းတဲ့ အချိန်တွေမှာ ရောက်နေလေတော့ လှောင်လက်အကြိုက် အနေအထားမှာ ရှိနေလို့ ဈေးအနည်းငယ်တက်တယ်လို့ ကြက်သွန်လောက ကပြောကြပါတယ်။ ဘယ်လိုဘဲ ပြောရ ပြောရ နယ်မှာရှိတဲ့ ကြက်သွန်နီ ပခုက္ကူ သီဟိုဠ်ရှင်ဘုရား ပွဲတော်မှာ နွှွဲပျော်ဖို့ ရောင်းကုန် ထွက်လာသလို လှောင်ဖို့ကောင်းတဲ့အနေ အထား မှာ လှောင်လက်အကြိုက် ဆွဲသလို ဈေးနှုန်းလည်း အနည်း ငယ် မြင့်လာတယ်လို့ သုံးသပ်ရမှာ ဖြစ်ကြောင်းပါ။မြင့်ဦး - ပခုက္ကူ