Main menu

Background

ပဲလောက မပျက်ယွင်းစေဖို့ ကျင့်ဝတ် သိက္ခာစောင့်ထိန်းစို့

Wed, 07/24/2013 - 10:49 -- ydnar

ပဲလောကတို့အိမ်ရှေ့စံ
 
ဆယ်စုနှစ် နှစ်စုလောက်အတွင်းမှာ မြန်မာ ဟာ ကမ္ဘာမှာ ဒုတိယ(သို့) တတိယပဲ အများဆုံး တင်ပို့ တဲ့ နိုင်ငံဖြစ်လာသလို အာဆီယံ အဖွဲ့ အစည်းမှာတော့ ပဲအများဆုံးတင်ပို့တဲ့ ဦးဆောင် နိုင်ငံဖြစ်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ကုန်သွယ်မှု ကဏ္ဍက ပို့ကုန်မှာဆိုရင် သဘာဝဓာတ်ငွေ့ပြီးလျှင် လယ်ယာထွက်ကုန်ဟာ ဒုတိယအများဆုံးဖြစ်ပြီး လယ်ယာထွက်ကုန်ထဲမှာ ပဲဟာ အများဆုံး တင်ပို့ နိုင်ခဲ့တယ်ဆိုတာဖြစ်သလို ပုဂ္ဂလိကကဏ္ဍမှာတော့ ပြည်ပပို့ကုန်အများဆုံးရှာဖွေပေးတဲ့ပို့ကုန်ပစ္စည်း ဖြစ်ပါတယ်

။နှစ်စဉ်တင်ပို့မှု တွေအရ ဆိုရင် ပို့ကုန် ပမာဏရဲ့ ၁၀ ဒသမ ၃၇ ရာခိုင်နှုန်းရှိတယ် ဆိုတာ တွေ့ရမှာပါ။
 
ဒီလိုနှစ်စဉ် ကုန်သွယ်မှုမှာ အဓိက ကဏ္ဍ က ပါဝင်နေတဲ့ ပဲတင်ပို့မှုဟာ ယခုနှစ်မှာတော့ ကျဆင်း လာတာ တွေ့ရပါတယ်။ အထူးသဖြင့် မတ်ပဲတင်ပို့မှုဟာ ကျဆင်းနေပါတယ်။ ဒီအတိုင်း သွားရင် ကုန်သွယ်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့
ဘာကြောင့် အခုလိုဖြစ်ရတာလဲဆိုပြီး အဖြေ ရှာတော့ ပြည်တွင်းဈေးကွက်ထဲမှာ ပဲဈေးမြင့် တက်နေပြီး ပြည်ပဈေးကျဆင်းတာကြောင့် တင် ပို့ဖို့ ခက်ခဲနေတယ်။ ပဲဈေးကွက်ထဲမှာလဲ နှစ်သစ် ပဲထက်နှ စ်ဟောင်းပဲတွေကသာ အရောင်းအဝယ် ဖြစ်နေတယ်။ ပြည်ပတင်ပို့ရာမှာလဲ မမှန် မကန် ပြုလုပ်သူတွေက အပြိုင်အဆိုင်ဈေးလျှော့ ရောင်း တာကြောင့် ဈေးကွက်ဈေးနှုန်းပျက်ပြားလာ သလို အမှန်တကယ် ကုန်သွယ်မှုပြု တဲ့ ကုန်သည်များ တွက်ခြေမကိုက်လို့ မဆောင်ရွက်နိုင်တာဖြစ်တယ် လို့ တွေ့ရပါတယ်။
ယခုအချိန်မှာ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ WTO  က ကုန် သွယ်မှုကို သွက်လက် မြန်ဆန်အောင် ကူညီပေး ဖို့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့လဲ အီးယူ၊ အမေရိကန်နဲ့ နိုင်ငံ ၁၀ နိုင်ငံမှာ စီးပွားရေး သံမှူးတွေ ထားပြီးတော့ ပို့ကုန်မြှင့်တင် ရေးကိုအလေးအနက်ထား ဈေးကွက် ထိုးဖောက် ရှာဖွေဖို့ အတွက် ဆောင်ရွက်နေချိန်ပါ။ ဈေးကွက် သစ်တွေကို မဖြစ်မနေ ရှာဖွေရတဲ့ အချိန်ပါ။
ပြဿနာရဲ့ အကြောင်းရင်း ဒီပြဿနာရဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့ ပြည်တွင်း ရောင်းဝယ်တဲ့ဈေးနှုန်း က မြင့်တက် ပြီး ပြည်ပဝယ်ဈေးနှုန်းက ကျဆင်းရခြင်းဖြစ်ပါတယ်။ အဓိကအကြောင်းရင်းတစ်ခုက လက်ကြီးသမား တွေရဲ့ ပဲတွေကို ပွဲစားတွေကဝင်ပြီး လေရောင်း လေဝယ် လုပ်လာတာတို့၊ ပစ္စည်းမရှိ၊ ပိုက်ဆံမရှိဘဲ DO ကိုအရောင်း အဝယ်လုပ်တာ တို့ကနေ အစချီ လို့ ကြားသိရတော့ ကျွန်တော် တော်တော်ကို ခေါင်းနပန်း ကြီးသွားမိခဲ့ပါတယ်။ DO  ရောင်း ဝယ်မှုလုပ်တဲ့ကိစ္စမှ ပစ္စည်းပိုင်တဲ့ ကာယကံရှင် ကတောင်မှ ဘာမှမသိဘဲ ပွဲစားတွေက လုပ်နေ ကြတယ်လို့ သိရပါတယ်။ လူတစ်စု ဆောင်ရွက် ချက်ဟာ ကုန်သွယ်မှုကို ထိခိုက်ပျက်ပြားပြီး နိုင်ငံ တော်ရဲ့ စီးပွားရေးပျက်ပြားသွား စေနိုင်တာကို စဉ်း စား မိလာပါတယ်။
အတိတ်ရဲ့အရိပ် ခေါင်းထဲမှာ ချက်ချင်းသတိရမိတာက ၂၀၀၈ တုန်းက လေရောင်းလေဝယ် ကိစ္စတွေကြောင့် ပြဿနာပေါင်း များစွာ ရှုပ်ထွေးပြီး ပုဂ္ဂလိက ကဏ္ဍရဲ့ ဖြစ်ရပ်တွေကို နိုင်ငံတော်က ပါဝင်ဖြေရှင်း ဆောင်ရွက်ခဲ့ရတာကို အမှတ်ရနေမိ ပါတယ်။
ဒီရီဂူလိတ် (Deregulated)၊ ရီဂူလိတ် (Regulated) ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတုန်းက ကမ္ဘာ့စီးပွားရေးအ ကျပ်အတည်းစတင်ပြီး ပေါ် ပေါက်ခဲ့ရတာက အမေရိကန်ပါ။ ဒီလိုစီးပွားရေး အကျပ်အတည်း ပေါ်ပေါက်ရတာဟာ အမေရိ ကန်ရဲ့ ငွေကြေးဈေးကွက် အထိန်းအချုပ် မရှိ၊ စည်းကမ်းသတ်မှတ်ချက်မရှိခဲ့တာကြောင့်လို့ပါဆိုပြီး ပညာရှင်တွေက ထောက်ပြထားခဲ့ပါ တယ်။ ထို့ အတူပဲ မြန်မာနိုင်ငံမှာလဲ ၂၀၀၈ ဇန်နဝါရီ လထဲ မှာ စီးပွားရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ တစ်ခု လုပ်တော့ စီးပွားရေးပညာရှင်တစ်ဦးက ဆန်စပါး လုပ်ငန်းဟာ အိုဗာ ရီဂူလိပ်တစ်ခ်(over regu-lated) ဖြစ်နေ တယ်။ ပဲမျိုးစုံလုပ်ငန်းကတော့ ဒီရီ ရူလိပ်တစ် (Deregulated) ဖြစ်နေတယ် ဆိုပြီး ထောက်ပြပြောဆိုခဲ့တာပါ။ ဒါဟာလဲ ပြဿနာဖြစ် ပေါ်တာတွေဟာ ဥပဒေအကာအကွယ်မရှိ လို့သာ ဖြစ်တာပါလို့ ပြောခဲ့တာပါပဲ။ ဆန်လောကဟာ ယနေ့အထိတော့ Regulated  လုပ်ထားတာ ကြောင့် ဘာပြဿနာမှ မရှိခဲ့သေးဘူးလို့ ထင်ပါ တယ်။
ပဲဈေးကွက်ကြီးထွားလာအောင် နှစ်ပေါင်းများစွာတည်ဆောက်မှုက မြန်မာ ဟာ ကမ္ဘာမှာ ပဲအများဆုံး တင်ပို့တဲ့ ဒုတိယ(သို့) တတိယနေရာမှာတည်မြဲနေအောင်အခုလိုပဲဈေးကွက် ကြီးထွားလာအောင် ဆောင်ရွက်ပေးခဲ့တာပါ။ ၁၉၈၉-၉၀ လောက်ကတည်းက ပဲမျိုးစုံဟာ လွတ် လပ်စွာ စိုက်ပျိုးခွင့် လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိခဲ့တာပါ ။နိုင်ငံတော်အပိုင်းက ဝင်ရောက်စွက်ဖက် မှုအနည်းဆုံးဖြစ်ခဲ့ပါတယ်။
မျှမျှတတဖြစ်ခဲ့ ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ မူဝါဒ ပြောင်းလဲလာတာနဲ့အမျှကမ္ဘာ့ကုန်သွယ်မှုစားသုံး မှု တွေ ပြောင်းလဲလာတာနဲ့အမျှ ရောင်းဝယ်မှု ပုံစံ တွေကလဲ လိုက်လျောညီထွေ ပြောင်းလဲ လာခဲ့ တာပါ။ အစပိုင်းထဲက ပြည်တွင်းပြည်ပတင်ပို့ ရောင်းဝယ်မှုမှာ တည်တည်ငြိမ်ငြိမ်ရှိခဲ့ သလို  ပြည်တွင်းပြည်ပဈေးကွက် ဟာလဲ မှန်ကန်မျှတစွာ ဈေးကွက်သဘာဝတိုင်းဖြစ်တည်နေခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၃-၂၀၀၄ ထိကတော့   Supply Chain တစ်ခုလုံးမှာ ပါဝင်တဲ့ထုတ်လုပ်သူ၊ ပွဲစား၊ Exporter၊ သယ်ယူပို့ဆောင်သူ အဆင့်ဆင့်မှာ ပါဝင်တဲ့သူတွေအားလုံးက မျှမျှတတ အကျိုးခံစား ခွင့်များရရှိခဲ့ပါတယ်။
နှစ်ဖက်သတင်းရရှိမှုကစ မြန်မာနိုင်ငံရဲ့ ပဲတင်ပို့မှုရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ အိန္ဒိယကို အဓိကထားတင်ပို့တာ ဖြစ်ပါတယ်။ အရင်ကတော့ မြန်မာကုန်သည်တွေ ဟာ အိန္ဒိယနိုင်ငံရဲ့ ဈေးကွက်/စိုက်ပျိုးထုတ်လုပ်မှု တွေ မသိခဲ့ပေမဲ့လို့ အိန္ဒိယကတော့ မြန်မာပဲ ဈေးကွက် ပြည်တွင်းအခြေအနေကို အသေးစိတ် သိနေခဲ့တာပါ။ ဒီအတွက် သူတို့က တပန်းသာ ပြီးတော့ ဈေးကွက်ကိုကစားခဲ့ပါတယ်။ နောက်ပိုင်း တော့မြန်မာကုန်သည်များဟာလဲအိန္ဒိယဈေးကွက် သတင်းကို အသေးစိတ် သိလာခဲ့ပါတယ်။ ဒီအချိန် မှာ အိန္ဒိယမှာဈေးကစားတာ ထိန်းချုပ်တာ လုပ်လို့ မရတော့ပါဘူး။ ဒီအခြေအနေမှာတော့ မြန်မာ တွေထက် ရှေ့ရောက်နေတဲ့ အိန္ဒိယက ပဲမျိုးစုံကို စတော့အိပ်ချိန်း ဈေးကွက်ထဲကို ထည့်လိုက် ပါတယ်။ ဒါကြောင့် မြန်မာမတ်ပဲဟာ NCDEX မှာ ဈေးကစားတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ ပါတယ်။ ဒီအချိန်မှာ မြန်မာကလဲ ဖွံ့ဖြိုးလာတဲ့ အတွက် မြန်မာကုန်သည်တချို့က NCDEX မှာ မြန်မာမတ်ပဲကိုဈေးဝင်ကစားရာကနေ လေရောင်း လေဝယ်ဆိုတာစဖြစ်လာခဲ့တာပါ။ နောက်ပိုင်းမှာ အိန္ဒိယပဲဈေးကွက်မှာလဲ ဈေးကစားတာများ လာ တာကြောင့် ကမောက်ကစဖြစ်ပြီး စတော့ရှယ်ယာ ဈေးကွက် ကနေဖြုတ်ထုတ်ခဲ့တာကြောင့် အိန္ဒိယ ဈေးကွက်အဆင်ပြေ သွားခဲ့တယ် ဆိုပေမဲ့ မြန်မာ ဈေးကွက် ကတော့ မြန်မာကုန်သည်တချို့ဟာ လက်စ မသတ်နိုင်ဘဲ ဆက်လုပ်ခဲ့တာေ ကြာင့် ပြည်တွင်းပဲဈေးကွက်မှာ မဖြစ်နိုင်တဲ့ ဈေးတွေဖြစ် လာပြီး ပဲလောကအရှုပ်ရှင်းရလို့ တိုင်းသိပြည် သိရပ်ကျော်ရွာကျော်ဖြစ်ပြီး စီးပွားပျက်-ထောင်ကျ သူကျနဲ့ ပဲလောကပြဿနာကြီး ဖြစ်ခဲ့ရတာပါ။
Regulated ပြဿနာ ဖြစ်လာတော့ အရှုပ်အရှင်းကို အကောင်းဆုံးဖြစ်အောင် နိုင်ငံတော်ကနေ ဝင် ရောက် ဖြေရှင်းဆောင် ရွက်ပေးခဲ့သလိုအလားတူ ပြဿနာတွေ ထပ်ဖြစ်မလာေ အာင် မြန်မာ့ပဲ ဈေးကွက်ပျက်ပြားမသွားအောင်၊ ရပြီးသား ပြည်ပ ဈေးကွက်လဲပျောက်မသွားရအောင် စိုက်ပျိုးသူ ကလဲ အကျိုးရှိလို့ စိုက်ပျိုးချင်လာအောင်လို့ ပဲလောကအတွက် လိုအပ်တဲ့ ထိန်းကျောင်းမှုတွေ ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ငွေမရှိ၊ ပစ္စည်းမရှိ ဝင်ပြီးဈေးကွက်မှာ ကစားပြီး အမြတ် ရှာစားသူတွေ မဝင်နိုင်အောင် ဘောင်ခတ်ကန့် သတ်မှုတွေ ဆောင်ရွက်ပေးခဲ့ရပါတယ်။
အချိန်မီ ကုစားနိုင်တာကြောင့် ဒီလိုအချိန်မှီကုစားခဲ့တာကြောင့် ပဲဈေးကွက် ဟာ အရောင်းအဝယ်မှန် ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ဖြစ်လာ ခဲ့ပြီး ပြန်လည်သက်ဝင်လှုပ်ရှား လာခဲ့ပါ တော့တယ်။ဒီလိုသက်ဝင်လှုပ်ရှားလာပြီး ကုန်သွယ် မှုဖြေလျှော့တဲ့အခါ မှာတော့ ကန့်သတ်ဘောင်ခတ် ထားတာတွေကို တစ်ဆင့်ပြီးတစ်ဆင့်ဖြုတ်ကာ လွတ်လပ်တဲ့ဈေးကွက်ကြီးအဖြစ် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်ထဲမှာ ခွင့်ပြုပေးခဲ့ပါတယ်။
ခွင့်ပြုလို့ တစ်နှစ်ကျော်မှာ ဒီလို လွတ်လပ်ခွင့်ပေးလို့ တစ်နှစ်ကျော်မှာ တော့ ပဲလောကခေါင်းရှုပ်စရာ၊ လိုက်မမီအောင်၊ ကမ္ဘာမှာ မလုပ်တဲ့မရှိတဲ့ အရောင်းအဝယ်ပုံစံတွေ ဖြစ်လာပြီးတော့ကမောက်ကမ စဖြစ်ကာ ပဲတင်ပို့မှု ကျဆင်းလာပါတယ်။ ပဲသစ်ထက် လောင်းကစား လို လုပ်လို့ရနေတဲ့ ပဲဟောင်း (နှစ်ဟောင်း) ပဲတွေ ကိုသာ ပစ္စည်းမပါ ငွေမပါ အရောင်းအဝယ် လုပ် လာပါတော့တယ်။ ဒါ့ပြင် ပိုင်ရှင်မသိဘဲနဲ့ ပွဲစား၊ ကြားလူကနေရောင်းတာ အဆင့် ဆင့် ရောင်းချနေ တာတွေနဲ့ တရားမဝင်ဆောင်ရွက်မှု တွေကြောင့် ချမ်းသာသူက ချမ်းသာသလို ဒုက္ခရောက်သူ က ရောက် ဖြစ်လာခဲ့ပါတယ်။ ဒါပြင် နိုင်ငံတော်ရဲ့ ကုန်သွယ်မှုကိုပါ ထိခိုက်လာရပါတယ်။ အကျိုး ဆက်ကတော့ လွှတ်ပေးလို့ မရရင်ဘာလုပ်သင့်လဲ ဆိုတဲ့ မေးခွန်း ထိရောက်လာခဲ့ရပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွင် ပဲလောကရဲ့ ဖြစ်ပေါ်နေတဲ့ အခြအနေကို တော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နဲ့ ၁၅ ရက်နေ့ တွေမှာ စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနဲ့ ဌာနအကြီးအကဲတွေ အာလုံးဟာ ပဲ၊ နှမ်းကုန် သည်အသင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင် နဲ့ပဲလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အချိန်ယူဆောင်ရွက်ခဲ့ ရပါတယ်။ ဒီလို ဆွေးနွေး ဆောင်ရွက်တော့အဖြေထွက်လာတာက--    ပဲလောကတွင် ရောင်းဝယ်မှုပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေကြလို့ စောင့်ထိန်းရန်လိုအပ်သည် များကို စောင့်ထိန်း ရန်လိုအပ်နေကြောင်း၊-    ပဲရောင်းဝယ်မှုပုံစံ လွဲချော်နေကြောင်း၊-    ယခု ပဲလောကတွင် လေရောင်းလေဝယ်မှု ရှိတယ်ဟု ကြားသိရလျှင် အဆိုပါကိစ္စဟာ ပြဿနာဖြစ်နိုင်ကြောင်း၊-    ပဲဈေးနှုန်းကျနေသည့်အတွက် နိုင်ငံတော် တောင်သူကုန်သည်အားလုံး ထိခိုက်နစ်နာ နေကြောင်း၊-    လောလောဆယ်ပဲဈေးကွက်မှာ အေးနေပြီး လက်ရှိဖြစ်ပေါ်နေမှုကို မပြုပြင်၍ မရတော့ ကြောင်း၊-    ကုန်စည်ဒိုင်အပိုင်းတွင်လည်း ပြုပြင် ပြောင်း လဲ ရန်လိုကြောင်း၊-    DO လက်လွှဲရောင်းချမှုများနေရင် မလုပ် တော့ရန်လိုကြောင်း၊-    ပဲ Export ကျဆင်းရခြင်းဟာ ကုန်သွယ်ခွန်၊ လျှပ်စစ်မီးမရမှု၊ ပစ္စည်းမရှိသူကရောင်း၊ ငွေမရှိဘဲ ဝယ်၊ လေရောင်းလေဝယ်မှု ပုံစံ ပြုနေ၍ဖြစ်ကြောင်း၊-    ပဲရောင်းဝယ်ပြုရာမှာ ပစ္စည်းတွေကို ချက် ချင်းမသယ်ယူဘဲတင်/ချခသယ်ယူစရိတ်များ သက်သာဖို့ DO ကိုင်ထားပြီး သင်္ဘော တင်ကာနီးမှ ထုတ်ပြကြောင်း၊DO ကို လက် သင့်ပြောင်းအနေနဲ့ အမြတ်ရယူနေတာဟာ လဲ ရောင်းဝယ်မှုစနစ်မှားယွင်းနေကြောင်း၊-    ပဲရောင်းဝယ်မှုပြုရာတွင် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်လျှင် အဆင်ပြေမည်ဖြစ်ကြောင်း၊ (ပြည်တွင်းပဲ အရောင်းအဝယ်ကို ဆိုလိုပါ တယ်။)
-    ပဲအရောင်းအဝယ်ပြုလုပ်ရာတွင် Player  အုပ်စုပပျောက်ရန် အထူးလိုအပ်ကြောင်း၊ ရောင်းဝယ်မှု မှားယွင်းနေသောကြောင့် အမှန်တကယ် Export  တင်ပို့နေသူများ အနေဖြင့် ထိခိုက်နစ်နာနေကြောင်း၊-    ပဲရောင်းဝယ်မှုကို လူအများစု လုပ်ကိုင်နိုင် အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊-    ပဲ  အရောင်းအဝယ်  ပြုလုပ်ကြရာမှာ လေ ရောင်းလေဝယ်မှု ပုံစံသာရှိနေသည့် အတွက် ကုမ္ပဏီကြီးများအနေဖြင့် စိတ်ပျက်မှု ဖြစ် လာရကြောင်း၊-      DO ရောင်းဝယ်မှုစနစ်ဟာ မရှိမဖြစ် လို အပ်ပါကြောင်း၊-    ယခုဖြစ်ပေါ်နေမှုကို ကုန်စည်ဒိုင်မှ ဝိုင်းဝန်း ထိန်းကျောင်းပေးရန် တာဝန်ရှိပါကြောင်း၊-    ကုန်စည်ဒိုင်ကနေ စည်းကမ်းနဲ့ မကိုက်ညီတဲ့ ရောင်းဝယ်မှုလုပ်နေသူတွေကို ထုတ်လိုက် ရင်လဲ ပြင်ပမှာ သွားရောက် ဆောင်ရွက် နေမှာ ဖြစ်ကြောင်း၊ နည်းလမ်းရှာဖြေရှင်း ဖို့လိုကြောင်း၊
အဖြေထုတ်သော် ပဲလောကမှ တက်ရောက်လာသူတွေရဲ့ ဆွေး နွေးချက်တွေအရတော့ ပဲဈေးကွက်မှာ မှန်သုံးမှန် နဲ့ ဆောင်ရွက်ပြီး မြန်မာ့ပဲများ ပြည်ပသို့ အချိန် လိုက် မှန်မှန်ကန်ကန် တင်ပို့နိုင်ဖို့အတွက် ဝန်ကြီး ဌာန၊ ပဲအသင်း၊ ကုန်စည်ဒိုင်၊ ကုန်သည်များ စဉ် ဆက်မပြတ်တွေ့ဆုံဆွေးနွေးပြီး ဆောင်ရွက်ဖို့ လို နေပြီဆိုတာ တွေ့ရပါ တယ်။ မြန်မာ့ပဲများပြည်ပ သို့ တိုးမြှင့်တင်ပို့နိုင်ဖို့ အတွက် ဆိုရင်တော့ လော လောဆယ်မှာ ဆောင်ရွက်ဖို့ ဆုံးဖြတ်တာက --    လက်ရှိ မတ်ပဲ ရောင်းဝယ်မှုမှာ ၂၀၁၂ သီးနှံ မတ်ပဲ (2012 Crop BMP (FAQ)   ကုန် ထုတ်မိန့်(DO)  တွေကို ၂၀၁၃ (DO) တွေနဲ့ လဲလှယ်ထုတ်ပေးမှာဖြစ်ပြီး၊(၁၅.၈.၂၀၁၃) နောက်ဆုံးထားပြီး စာရင်းရှင်းဖို့ လိုပါတယ်။ 2013 Crop မတ်ပဲ (FAQ) ကုန်ထုတ် ပြေစာကိုင် ထားတဲ့သူတွေ အားလုံးဟာ (၁၃.၁၂.၂၀၁၃)နေ့ထိ နောက် ဆုံးထားပြီး ကုန် ပစ္စည်းအပြီး ထုတ်ယူဖို့နဲ့ ထုတ်ပေးသူ ကလဲ အရည်အသွေးနဲ့ အရေအတွက်ကို တာဝန်ခံ ထုတ်ပေးဖို့။-    (၃၁.၁၂.၂၀၁၃) ရက်နေ့နောက်ဆုံးထား ထုတ်ယူခြင်းမရှိတဲ့ DO (Delivery Order)   တွေနဲ့ပတ်သက်ပြီးလက်ဝယ်ကိုင်ဆောင်ထား သူရဲ့ တာဝန်ဖြစ်ပြီး ကုန်ထုတ်ပေးသူကလဲ အဆိုပါ DO နဲ့ပတ်သက်ပြီး အရည်အသွေး ကို သိုလှောင်ရုံမှာရှိတဲ့အတိုင်းထုတ်ပေးပြီး အရေအတွက်ကိုတော့ တာဝန်ခံရန်၊-    ပဲဈေးနှုန်းတွေကို အမှန်တကယ် ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးနှုန်းပြောင်းလဲမှု အတိုင်း ထိန်းသိမ်းနိုင်စရာနဲ့ တစ်ဦးတစ်ယောက်က ဖန်တီးဆောင်ရွက် ဈေးကစားတာ မလုပ်နိုင် အောင် စီးပွား/ ကူးသန်း ဝန်ကြီးဌာနကို အကြံပေး စာထည့်နိုင်မယ့် စာပုံးများ ကုန် စည်ဒိုင်၊ ပဲနှမ်းအသင်းနဲ့ စီးပွား/ကူးသန်း ရန်ကုန်တိုင်း ရုံးတွေမှာ ချိပ်ထားရန်၊-    လောင်းကစားဆန်သည့် လေရောင်း လေ ဝယ်၊ ပစ္စည်းမရှိ၊ ငွေမရှိရောင်းဝယ်မှု တွေနဲ့ ပတ်သက်ပြီး ကုန်သည်အချင်းချင်း အပြု သဘောဖြင့် လွတ်လပ်စွာ အကြံပေးစာ ထည့်သည့်နည်းဖြင့် ထိန်းကျောင်းဖြေရှင်းရန်၊-    ရောင်းသူ A မှ ဝယ်သူ B သို့ရောင်းချသည့် ပစ္စည်းနဲ့ပတ်သက်ပြီး (၁၅.၈.၂၀၁၃) မှစတင်ပြီး  ကုန်ပစ္စည်းတန်ဖိုးကို A နှင့် B  သာ တိုက်ရိုက်ရှင်းရန်၊ တစ်ဆင့်လွှဲပြောင်း ခြင်းလုံး၀ (လုံးဝ) မလုပ်ရန်၊-    ရောင်းသူ A နှင့် ဝယ်သူ B တို့ဟာကုန်သည် ကတိကဝတ်နဲ့ရောင်းချ၊ ဝယ်ယူတဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး ကုန်ပစ္စည်းတန်ဖိုးကိုပေးချေဖို့ ကုန်ပစ္စည်းကို အပ်နှံဖို့ တာဝန်အပြည့်အ၀ ယူရန် (ပျက်ကွက်ပါက တိုင်ကြားစာပို့ရန်)-    ကြိုတင်ရောင်း၊ ကြိုတင်ဝယ်တာနဲ့ ပတ်သက် ပြီး သင့်လျော့်တဲ့ အာမခံ စပေါ်ငွေ တင်ပြီး စာချုပ်နဲ့ ဆောင်ရွက်ရန်၊-    တင်ပြတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး မှန်ကန်မှုရှိ၊ မရှိနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ကဏ္ဍပေါင်းစုံက လက်တွေ့ လုပ်ငန်းကျွမ်းကျင်သူတွေပါဝင်တဲ့ ကော်မတီ ဖွဲ့စည်းရန်၊နိဂုံးချုပ်သော် စည်းကမ်း၊ စည်းမျဉ်း၊ ဥပဒေစတာ တွေ အားလုံးဟာတကယ်တော့မိမိတို့ကိုယ်တိုင် တောင်း ဆိုတာပါ။ ထို့အတူ ပဲပညာရှင်တွေရဲ့ အပြော အရလဲလွတ်လပ်မှုဆိုတာကတော့ အကန့်အသတ် တစ်ခုထိပဲ ခွင့်ပြုသင့်တာပါ။ အကောင်းဆုံးဖြစ်ဖို့ မှန်သုံးမှန်နဲ့ရောင်းဝယ်ပြီး အရှုပ်အရှင်းပြဿနာ မရှိဖို့ကတော့ ကုန်သည်လုပ်ငန်းရှင်များ အားလုံး ရဲ့ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းမှု Ethic  ရှိဖို့က တော့ အဓိက အရေးကြီးဆုံးပါပဲ။ အခုပြဿနာ ကို ဖြေရှင်းတာဟာ အစိုးရ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုလဲဖြစ်ပါတယ်။ ပဲလောကသာမ က မြန်မာ့ စီးပွားရေး လောကဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် ပတ်သက်တဲ့သူအားလုံးက တာဝန်ယူမှု၊ တာဝန်သိမှု၊ ကျင့်ဝတ် သိက္ခာ စောင့်ထိန်းမှုဖြင့် ဝိုင်းဝန်း စောင့်ထိန်းကြဖို့နဲ့ မဟုတ်တာလုပ်သူ ကိုလဲ ဝိုင်းဝန်တားမြစ်ဖို့၊ တာဝန်ရှိသူတွေ ကို သတင်းပေးဖို့၊ မဟုတ်တာလုပ်သူတွေ၊ ပဲလောက ကို နှောက်ယှက်ဖျက်ဆီးမဲ့သူတွေ ဒီလောကသား မဟုတ်တဲ့ ဧည့်သည်ဝင်ကစားကုန်သည်များ ကိုလဲ မိမိတို့လောကထဲမဝင်နိုင်အောင်တားဆီး ကာကွယ် ဖို့ လိုပါကြောင်း...။