Main menu

Background

ပင်လယ်ရေကြောင်းမှ တရုတ်၊ မလေး၊ ပါကစ္စတန်သို့သွားတဲ့ မြန်မာ့ရော်ဘာ

Wed, 07/24/2013 - 12:59 -- ydnar

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လ ၇ ရက်နေ့မှ ၁၃ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာသုည ဒသမ ၈၇၈ သန်းတန်ဖိုးရှိရော်ဘာ ၃၉၈ တန်ခန့်ကိုနိုင်ငံပေါင်း ၃ နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှ မြန်မာ့ ရော်ဘာကိုအများဆုံးဝယ်ယူကြပြီး ပါကစ္စတန်နိုင်ငံမှလည်း ရံဖန်ရံခါဝယ်ယူလေ့ရှိပါတယ်။

ယခုအပတ်ရော်ဘာတင်ပို့မှု ကိုကြည့်လျှင် တရုတ်နိုင်ငံသို့ RSS-3   ၃၆ တန်၊ မလေးရှားနိုင်ငံသို့ RSS-3  တန် ၁၄၀ နဲ့MSR 20  ၂၀၂ တန်ခန့်ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံသို့RSS-3  တန် ၂၀ ကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်နိုင်ငံတကာရော်ဘာပေါက်ဈေးမှာ စင်္ကာပူ RSS-3   တစ်တန်ကိုဒေါ်လာ ၂၁၅၀ ဖြစ်ပါတယ်။ FOB ရော်ဘာဈေးများမှာတော့ ယခင်အပတ်ထက်ကန်ဒေါ်လာ ၅၀ ခန့်ဈေးကျပြီး RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၂၅၀-၂၃၅၀၀၊RSS-3 နဲ့ MSR 20  တစ်တန်လျှင်ဒေါ်လာ၂၁၅၀-၂၂၅၀၊RSS-5  နဲ့ MSR 50   တစ်တန်လျှင် ဒေါ်လာ၂၀၅၀-၂၁၅၀ ၊MSR 10  တစ်တန်လျှင် ဒေါ်လာ၂၂၀၀-၂၃၀၀၊ Creep Rubber   တစ်တန်လျှင် ဒေါ်လာ ၁၉၅၀-၂၀၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။ယဉ်ယဉ်အေး (DCCA)