၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန်ကန်ဒေါ်လာ သန်း ၁၇၀ ကျော်၊ သွင်းကုန် ကန်ဒေါ်လာ ၁၄၇ သန်းကျော်ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၁၇ သန်း ကျော်ရရှိခဲ့ပါတယ်။
မြန်မာ့ပို့ကုန်များမှာ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ တွင်း ထွက်ကုန်၊ သစ်တောထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်များဖြစ်ပြီး သွင်းကုန်များမှာ စက်ပစ္စည်းများ၊ လူသုံးကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ယာဉ်ယန္တရားများ တင်သွင်းလျက်ရှိပါတယ်။ လယ်ယာထွက်ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၂၁ သန်းကျော်၊ ရေထွက် ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂၃ သန်းကျော်၊ သတ္တုတွင်းထွက်တင်ပို့မှုမှ ကန်ဒေါ်လာ ၄ သန်းကျော်၊ သစ်တင်ပို့မှုမှ ကန်ဒေါ်လာ သုည ဒသမ ၆ သန်းကျော်နဲ့ အခြား ပစ္စည်းတင်ပို့မှုမှ ၁၅၂ သန်းကျော်တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ် စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးစခန်းသည် နယ်စပ်ကုန်သွယ်မှုတွင် အများဆုံးဆောင်ရွက်နိုင်ပြီး ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်း ရောင်းဝယ်ရေး စခန်း သည် ဒုတိယကုန်သွယ်မှု အများဆုံးစခန်းဖြစ်ပါတယ်။ နယ်စပ်အလိုက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လကုန်ထိ ကုန်သွယ်မှု ပမာဏ ဆောင်ရွက်နိုင်မှုကို ဖော်ပြပေးလိုက်ရပါတယ် - ကန်ဒေါ်လာသန်း
ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏ မြန်မာ-တရုတ်နယ်စပ် ၁၄၉.၆၆၉ ၁၀၈.၀၇၉ ၂၅၇.၇၄၈ မြန်မာ-ထိုင်းနယ်စပ် ၁၇.၅၂၅ ၃၇.၇၀၅ ၅၅.၂၃၀ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ၁.၁၁၇ ဝ.၀၁၈ ၁.၁၃၅ မြန်မာ-အိန္ဒိယနယ်စပ် ၂.၂၃ ၁.၃၉၄ ၃.၆၂၄ တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးစခန်းသည် လယ်ယာထွက်ကုန် ဆန်၊ ပဲ၊ ပြောင်းနဲ့နှမ်းများ အများဆုံးတင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံသည် နယ်စပ်မှ ဧည့်မထဆန် တန် ၁၄၉၀၀ ခန့် ၊ ငစိန်ဆန် တန် ၁၁၅၄၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ဆန်ပို့ကုန်ကြောင့် ကန်ဒါ်လာ ၁၆ သန်းကျော်ရရှိခဲ့ ပါတယ်။ မတ်ပဲ၊ ပြောင်း၊ မြေပဲ၊ နှမ်းရောင်စုံတင်ပို့မှုမှ ကန်ဒေါ်လာ ၄၆ သန်း ကျော်ရရှိခဲ့ပါတယ်။ တရားဝင်ကုန်သွယ်မှု ဆောင်ရွက်မှုရှိသလို တရားမဝင် ကုန်သွယ်မှုများလည်းလုပ်ဆောင်မှုရှိနေတဲ့အတွက် စားသုံးသူအကာအကွယ် ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်ရေးအတွက် Mobile Team အဖွဲ့များ ဖွဲ့စည်းတာဝန်ချထားပြီး တရားမဝင်ကုန်သွယ်မှုများကို တားဆီးထိန်းချုပ် လျက်ရှိပါတယ်။ Mobile Team အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ မူဆယ်-မန္တလေးလမ်းကြောင်းတွင် Mobile Team အဖွဲ့ ( ၁ ) ကို ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ မှာလည်းကောင်း၊ မြဝတီ-ရန်ကုန်လမ်းကြောင်းတွင် Mobile Team အဖွဲ့ (၂ ) ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှာလည်းကောင်း စတင်ဆောင်ရွက်ခဲ့ရာ ပညာပေးကာလ ( ၂ )လမှာ အမှုတွဲ ၈၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၉၄၉ ကျော်နဲ့ အရေးယူ ကာလ ၅ လမှာ အမှုတွဲ ၁၆၅၉ မှု၊ တန်ဖိုး ကျပ်သိန်း ၅၄၁၄၃ ကျော်ဖိုးသိမ်းဆည်း ရမိခဲ့ပါတယ်။ ဂန္ဓမာ