Main menu

Background

အိန္ဒိယမွန်ဘိုင်း ဈေးကွက်တွင် မြန်မာပဲစင်းငုံနှင့် မတ်ပဲများ အကျဈေးဖြင့် ဈေးငြိမ် သွင်းကုန် ကောက်ခံရန် အစီအစဉ် မရှိသေး

Wed, 07/24/2013 - 14:59 -- ydnar

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်များနှင့် အတွင်းပိုင်း ဈေးကွက်များမှ အဝယ်မလိုက်သဖြင့် အကျဈေးဖြင့် ဈေးငြိမ်နေကြောင်း သိရ ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးပဲ မျိုးစုံ ဟက်တာ ၂၅ ဒသမ ၉၅ သိန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။

မွန်ဘိုင်းဆိပ်ကမ်း ကိုပဲတီစိမ်းကွန်တိန်နာ ၆၁ လုံး၊ ပဲရာဇာ ၂၅၁ လုံး၊ ပဲဝါလေး ၂ လုံး၊ ပဲလုံးစိမ်း ၃ လုံး၊ မြန်မာမတ်ပဲ ၁၆၅ လုံး ဝင် ရောက်လာခဲ့ပါတယ်။ ချန်နိုင်းဆိပ်ကမ်း ကို မတ်ပဲ ကွန်တိန်နာ ၄၉၈ လုံး၊ ပဲနီ လေး ၁၆၆ လုံး၊ ပဲတီစိမ်း ၉ လုံး၊ ပဲစင်း ငုံ ၃၅ လုံး၊ မြေထောက် ၄ လုံး၊ ပဲဝါ လေး ၃ လုံး၊ ပဲလွန်း ၃ လုံး ဝင်ရောက်ခဲ့ ပါတယ်။ ပြည်တွင်းပဲမျိုးစုံထုတ်လုပ်မှု တိုး တက်စေရန် ပြည်ပမှ တင်သွင်းပဲများ အပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံပေးရန် လယ်ယာကဏ္ဍ ကုန် ကျစရိတ် တွက်ချက်ရေးကော်မရှင် (CACP) ရဲ့ အကြံပြုချက်ကို စားနပ် ရိက္ခာဝန်ကြီးဌာနမှ ဆန့်ကျင်ခဲ့ပြီး ၇ ဒသမ ၅ ရာခိုင်နှုန်းသာ ကောက်ခံရန် ထောက်ခံထားတဲ့ ကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရအနေဖြင့် ပဲမျိုးစုံအပေါ် သွင်းကုန်ခွန်ကို လတ်တလော သတ် မှတ်ရန် မရှိကြောင်း စိုက်ပျိုးရေးဝန်ကြီး ရှရတ်ပုဝါက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ နှင်းဧကရီ  (DOTP)