မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ဒုတိယပတ်အတွင်း ကန်ဒေါ် လာ သုည ဒသမ ၂၇၇ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် တန် ၁၈၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က၁၁၈ တန် ခွဲသာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်နနွင်းတက်တင်ပို့မှု ၆၁ တန်ကျော်ပိုမိုလာတာ တွေ့ရပါတယ်။
ဈေးကွက်မှာအရောင်း အဝယ်ပုံမှန်သာရှိနေပြီး ပစ္စည်းအသန့်တွေပဲ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ နနွင်းတက်ကို ပရဆေးဖော်ဖို့နဲ့ အမှုန့်ပြုလုပ်ဖို့သာဝယ်ယူနေတာကြောင့် ပုံမှန်အရောင်း အဝယ်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်တွေက တစ်ဆင့်သိရပါ တယ်။ နနွင်းခါးကတော့ ဈေးချိုလို့နည်းနည်းချင်းစီဘဲအဝယ် ရှိနေတယ်လို့လည်း သိရပါတယ်။မော်မော်အောင် (DCCA)