မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော်နဲ့ လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၁၉၆၆ တန်ကို ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာကာလမှာ တင်ပို့ နိုင်ခဲ့ပါတယ်။
စခန်းအလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၉၄၆၇ တန်ခန့်၊ ချင်း ရွှေဟော်မှ ၂၂၄၀ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၂၅၉ တန်အသီးသီးတင်ပို့ခဲ့ကြပါတယ်။ ယခုအပတ်ရော ယခင်အပတ်မှာပါ ကန်ပိုက်တီးစခန်းမှ တင်ပို့မှုမရှိခဲ့ပါဘူး။ ယခင် အပတ်က မူဆယ်မှ ၇၈၃၇ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၃၃၁ တန်ခွဲသာ တင်ပို့ခဲ့ တာကြောင့် ယခုအပတ်ပြောင်းတင်ပို့မှုတန်ချိန် ၃၇၉၇ တန်ကျော် ပိုမိုတာတွေ့ရှိ ရပါတယ်။ ရေဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုဟာ စပါးစိုက်ခြင်းကို အဓိကထား စိုက်ပျိုးကြသော်လည်း စပါးစိုက်ကာလမှာအခြားသီးနှံများကိုပါ တွဲဖက် စိုက်ပျိုးလုပ်ကိုင်လေ့ရှိရာ ယခုနှစ်တွင် ထိုင်ဝမ်ပြောင်းဖူး (သကြားပြောင်း) များ စမ်းသပ်စိုက်ပျိုးခဲ့ပြီး ထွက်ရှိလာတဲ့ပြောင်းဖူးများကို နေ့စဉ် ယာဉ်ကြီး/ ငယ်များနဲ့ မုံရွာ-မန္တလေးမြို့များရှိ သီးနှံရောင်းဝယ်ရေးအဝယ်ဒိုင်များကို တင်ပို့ရောင်းချကြ တယ်လို့ သိရပါတယ်။ ယခုအပတ် မန္တလေး-မူဆယ် ကုန်စည်သယ်ယူခနှုန်းထားမှာ ပြောင်းတစ်ပိဿာ ၅၇ ကျပ်ဖြစ်တာမို့ ယခင်အပတ်ထက် အနည်းငယ်ပိုမိုလာသလို နှစ်နိုင်ငံ ပြောင်းဈေးများကိုကြည့်လျှင်လည်း ယခင်အပတ်ထက် အနည်းငယ် ပိုမို လာတာတွေ့ရပါတယ် -
ပြောင်း
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၄၈၃၃၉ ၃၄၇၉၉၇ ၃၄၂ ၁ ၃၆၆ ၃၆၂ ၄ ၁ .၁မော်မော်အောင်၊MIRT (DCCA)