Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးမှာ ဈေးကွက်ကောင်းလို့ လျှော်ဖြူပင်များ ယခုနှစ်များစွာ စိုက်ပျိုးလာ

Wed, 07/31/2013 - 12:13 -- ydnar

လျှော်ဖြူပင်စိုက်ပျိုးခြင်းလုပ်ငန်းဟာ စိုက်ပျိုးရလွယ်ကူခြင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပါးခြင်း၊ ကာလတိုအတွင်း ဝင်ငွေရရှိနိုင်ခြင်း၊ စီးပွားရေး တွက်ခြေ ကိုက်ခြင်းစတဲ့ အကျိုးကျေးဇူးများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ စိုက်ပျိုးမှု တိုးတက်လာတဲ့ သီးနှံဖြစ်ပါတယ်။

အထူးသဖြင့် ကျေးလက်ဒေသများမှာ ခြံစည်းရိုးပင်၊ လေကာပင်အဖြစ် အိမ်ခြံ ဝင်း ယာခင်းများနဲ့ တစ်ပိုင်တစ်နိုင် စိုက်ခင်းများစိုက်ပျိုးခြင်းဖြင့် အစေးထုတ်ယူ ရရှိချိန်မှာ မိသားစုစရိတ်အတွက် လျှော်ဖြူပင် မှ နေ့စဉ်ပုံမှန် ထောက်ပံ့ပေးနေသော သီးနှံဖြစ်လို့ လျှော်ဖြူပင်ကို စီးပွားရေးလုပ်ငန်းရှင် များ၊ တောင်သူများစိုက်ပျိုးရန် စိတ်ဝင်စား လာပြီး၊ ယခုနှစ်မှာ လျှော်ဖြုပင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာ များစွာစိုက်ပျိုးလာကြောင်း၊ လျှော်ဖြူပင်စိုက်ပျိုးရောင်းချနေတဲ့ မုံရွာမှ ခြံလုပ်ငန်းရှင် ဦးသိန်းဇော်ဦးထံမှ သိရပါတယ်။ လျှော်ဖြူပင်ဟာ စိုက်ပြီး ၃ နှစ်အကြာမှာ အစေးရရှိပါတယ်။ ရရှိတဲ့အစေးကို မန္တလေးဈေးကွက်မှဝယ်ယူပြီး စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဦးသိန်းဇော်ဦးမှ ဘုတလင်၊ မုံရွာ၊ ယင်းမာပင်၊ ချောင်းဦး၊ မြင်းမူ၊ မြောင်၊ ကနီစတဲ့မြို့နယ်များသို့ လျှော်ဖြူပင် လေးသောင်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။အောင်မင်း-မုံရွာ