မေလ ၈ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မော တောင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဇူလိုင်လ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်းမှာ ITC(Individual Trading Card ) အသုံးပြုပြီးသင်္ဘော သီးမှည့် ၄၇၀၀၀ ကီလိုဂရမ် တန်ဖိုး အားဖြင့် ကျပ်သိန်း ၇၀ ဒသမ ၅၀၀ ဖိုးကို တင်ပို့မှုရှိတယ်လို့ မောတောင် စခန်းမှ သတင်းပေး လာပါတယ်။ သင်္ဘောသီး ၁တန်ကို ကျပ်တစ်သိန်းခွဲ ဈေး ဝန်းကျင်ရတယ်လို့သိရပါတယ်။
ဇူလိုင်လ ဒုတိယပတ် အတွင်းမှာ လည်း ကျပ်သိန်း ၅၀ တန်ဖိုးရှိ သစ် တောထွက်ကုန် ဝါးခြမ်းတန် ၅၀ ကို တင်ပို့ထားခဲ့ပြီးဖြစ်ပါတယ်။ ဒေသထွက် ကုန် ကြိမ်နဲ့ငှက်ပျောများ ဆက်လက် တင်ပို့နိုင်မယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ်။ မိုးတွင်းကာလဖြစ်တဲ့ အတွက် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် မြိတ်ဖက်က ဒေသ ထွက်ကုန်တင်ပို့ရန် လောလောဆယ် ဆယ် အခြေအနေ မရှိသေးကြောင်း သတင်းရရှိပါတယ်။ချမ်းမြေ့မောင်