ယခုနှစ်မှာစင်ကာပူနဲ့ ဟောင် ကောင် နိုင်ငံသို့ စိန်တလုံး သရက်သီး တန်ချိန် ၁၁၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်နှစ်က တန် ၂၀ သာတင်ပို့နိုင်ပြီး၊ စံချိန်တင် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ Myanmar Golden Produce ကုမ္ပဏီမှ အန်တီလဲ့မှ “အန်တီတို့ အခု လည်း ရင်ကွဲသရက်သီး ကို တင်ပို့နေပါ တယ်။ အရင်နှစ်တွေထက် တန် ၁၀၀ ကျော်လောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အရင်နှစ်က ပို့တဲ့နိုင်ငံတွေကိုပဲ တင်ပို့ နေတာပါ။
နောက်နှစ်မှာ မလေးရှား နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ဈေး ကွက် တိုးချဲ့ဖို့ရှိပါတယ်။ ပင်လယ် ရေကြောင်း ပို့ကုန်က တင်ပို့မှုများလာ တော့ တရုတ်ဈေးကွက်ကလည်း ဈေး ကောင်းပေးလာတယ်။ အခုလိုပို့ နေရ မယ်ဆို တရုတ်ဈေးကွက်ကို ယှဉ်ပြိုင် နိုင်ပါတယ်။ သူတို့ဈေးနှိမ်ဝယ်လို့ မရ တော့ဘူးပေါ့ ”လို့ပြောပါတယ်။ ယခုနှစ် မှာ သရက်သီးတစ်တန်ကို အနည်းဆုံး ၆ သိန်းခွဲမှ အများဆုံး ၉ သိန်းထိနေရာ အရောက် ဝယ်ယူမှုပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှ တောင် သူ တစ်ဦးကလည်း “ အစပိုင်းက တရုတ် ဈေးကွက်က ဈေးငြိမ်နေရာက ကုမ္ပဏီကဈေးကောင်းပေးဝယ်တော့ တရုတ်ဘက်ကလည်းဈေးပိုရလာတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုရှိနေရင် တရုတ်က လည်း ဈေးနှိမ်လို့ မရတော့ဘူးပေါ့။ တောင်သူတွေအနေနဲ့က ပင်လယ်ရေ ကြောင်းရော၊ တရုတ် ဈေးကွက်ရော ဝယ်ယူမှု ရှိနေချိန်မှာ ကိုယ်ရောင်း ထားတဲ့နေရာကို ကတိတည်ဖို့ပဲ လို ပါတယ်။ ဈေးကွက်ပျက်ပြီး၊ ယှဉ်ပြိုင်မှု မရှိရင် တောင်သူလည်း ဈေးကောင်း မရနိုင်ပါဘူး ”လို့ ပြောပါတယ်။ ယခုနှစ်မှာ သရက်သီးအထွက် နည်းသော်လည်း တရုတ်ဈေးကွက်မှာ သရက်သီးတစ်တန်ကို အနိမ့်ဆုံး ဈေး ၂၅ ယွမ်နဲ့ အမြင့်ဆုံးဈေး ၅၇ ယွမ် ထိရရှိခဲ့ကြောင်း၊ တရုတ်ငွေဈေးမြင့်ပြီး၊ မြန်မာငွေလဲနှုန်းနိမ့်နေသော်လည်း သရက်သီးဈေးကောင်းပြီး၊ တောင်သူ များ အရှုံးမရှိကြောင်း သိရပါတယ်။ဇူးဇူး - မန္တလေး