Main menu

Background

ဇူလိုင်လကုန် ပြည်ပဲဈေးကွက်မှာ ပဲဈေးနှုန်းများ ဈေးလျော့နေခဲ့ပြီး၊ ပဲတီစိမ်းသီးနှံသာ အရောင်းအဝယ် သွက်လျက်ရှိခဲ့

Tue, 08/06/2013 - 11:25 -- ydnar

ဇူလိုင်လကုန် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အကျဖက် ဦးတည် နေခဲ့တာကို တွေ့ရပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်ဈေးများသာ ဈေးငြိမ် နေပြီး၊ အရောင်းအဝယ်လည်း အသင့် အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ သီးနှံမှာ ပဲအဝင်ပါးလာသလို ရန်ကုန် ဝယ်လက်အဝယ်ရှိသော်လည်းအရောင်း အဝယ်ဖြစ်မှုမှာ တစ်ရက် အိတ် ၁၅၀ ခန့်သာ ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးနှုန်း များမှာ တစ်ပတ်ထက် တစ်ပတ်ဈေး လျော့ခဲ့တာကို တွေ့ရပါတယ်။

ပဲတီစိမ်းအသစ်များ ပန်းတောင်း၊ ရွှေတောင်ဘက်မှ ဝင်ရောက်ခဲ့သလို ကံမဘက်မှလည်း ရေလမ်းနဲ့ ဝင်ရောက် လာတာကြောင့် တစ်ရက်အိတ် ၅၀၀ ကျော် ဝင်ရောက်လျက်ရှိပြီး၊ မန္တလေး ဝယ်လက် ဝယ်ယူနေတာကြောင့် အဝင် ရှိလာသလောက် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပဲအဝင်များလာတာ ကြောင့် ဈေးနှုန်းမှာလည်း ယခင်တစ် ပတ်ကထက် ဈေးလျော့ခဲ့ကာ ထိပ်စ တစ်တင်း ၂၀၅၀၀ ကျပ်၊ ရိုးရိုးစ တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ လက်ကျန် နည်း သွားပြီး၊ ရန်ကုန်ဝယ်လက်တစ်ခါတစ်ရံ အဝယ်ရှိခဲ့ကာ တစ်တင်း ၁၇၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့သလို ကုလားပဲသီးနှံမှာလည်း ပန်းတောင်း မြို့နယ်ဘက်မှ အနည်းငယ်အဝင်ရှိခဲ့ပြီး၊ ဒေသတွင်း ပဲခွဲစက်သမားများသာ ဝယ်ယူ ခဲ့တာကြောင့် တစ်တင်း ၁၇၇၀၀ ကျပ်နဲ့ တစ်ရက်ကို အိတ် ၂၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ တယ် လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းအနေနဲ့ အမြင့်ဈေး တိုင်းဈေးငြိမ်နေခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၆၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၃၃၅၀၀ ကျပ်နဲ့ ပဲကြော် လုပ်ငန်းများမှ တစ်ရက် အိတ် ၁၅၀ ကျော် ဝယ်ယူခဲ့ပါတယ်။ ပဲပုပ်သီးနှံမှာ ဈေးကွက်အတွင်း လက်ကျန်နည်း နေ ခဲ့ပြီး လက်လီသမားများ ဝယ်ယူမှုရှိကာ တစ်တင်း ၂၂၀၀၀ ကျပ်နဲ့ ဈေး အပြောင်းအလဲမဖြစ်ဘဲ ရောင်းဝယ်နေ ကြသလို ဘိုကိတ်၊ ပဲလွန်းဖြူ ဈေးနှုန်း များလည်းယခင်အပတ်ကအတိုင်း ဈေး ငြိမ်နေခဲ့ပါတယ်။ စားတော်ပဲ ဈေး ကတော့ လက်လီသမားအဝယ်ရှိခဲ့ပြီး၊ တစ်တင်း ၃၂၀၀၀ ကျပ်နဲ့ ဈေး ကောင်းရနေခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်