ပဲခူးတိုင်းဒေသကြီးအတွင်း မိုးပဲတီစိမ်းများ ဈေးကွက်ကို ဆက်တိုက်ဝင်ရောက် လာခဲ့တာကို တွေ့ရပါတယ်။ မိုးပဲတီစိမ်းကို ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း မြို့ နယ်များမှာ အများဆုံးစိုက်ပျိုးကြပြီး၊ ဈေးကွက်ကို ဇူလိုင်လလယ်မှစပြီး၊ ပဲသစ်များ စတင်ဝင်ရောက်ခဲ့ကာ ယခုနှစ် ပဲတီစိမ်းအဖွင့်ဈေးမှာ တစ်တင်း ၂၄၀၀၀ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူခဲ့ကြပါတယ်။
ယခင်နှစ်က ပဲတီစိမ်းပေါ်စအဖွင့်ဈေးမှာ တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ ဝယ်ယူခဲ့တဲ့အတွက် ယခုနှစ် ပဲတီစိမ်းဈေးကောင်း ခဲ့တယ်လို့ ဆို ရမှာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ဝင်ရောက်လာသမျှ ပဲတီစိမ်းများအား မန္တလေး ဝယ်လက် ဝယ်ယူနေကြတာကြော့င် တစ်ရက်အိတ် ၅၀၀ ကျော်အထိ အရောင်း အဝယ်ဖြစ်ခဲ့ကာ ပဲဈေးမှာ ရိုးရိုးစတစ်တင်း ၁၉၀၀၀ ကျပ်၊ ထိပ်စတစ်တင်း ၂၀၅၀၀ ကျပ်နဲ့ အရည်အသွေးလိုက်ပြီး၊ ဈေးကွာခြားမှုရှိတယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်